Tuesday, August 20, 2013

ရွှေပြည်သာစက်မှုဇုံရှိ M.W.D.C မှ ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရ


ရွှေပြည်သာစက်မှုဇုံရှိ Myanmar Winery & Distillery Co, Ltd တွင် လုပ်ကိုင်နေသော ရခိုင် အမျိုးသမီး အလုပ်သမား ၄၉ ဦး အလုပ်မှ ထုတ်ပယ်ခံရသည်ဟု သတင်း ရရှိသည်။

အလုပ်မှ ထုတ်ခံရခြင်းမှာ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသော မဖြူဖြူစိုး အသက်(၁၇) ၏ အသုဘကို ခွင့်မရဘဲ လိုက်ပို့သဖြင့် ဖြစ်သည်ဟု သိရသည်။

မဖြူဖြူစိုးသည် ယခုလ ၁၁ရက်နေ့က ရုတ်တရက် သေဆုံးသွားခဲ့သည်။ ၁၅ ရက်နေ့တွင် သဂြိုလ်မည့် မဖြူဖြူစိုး၏ နာရေးအား လိုက်ပို့ရန် တစ်ရက်ကြိုတင်ပြီး နေ့တစ်ဝက်ခန့် ခွင့်ပေးရန် သြဂတ်စ်လ ၁၃ ရက်နေ့က ခွင်တိုင်ကြားရာ စက်ရုံမှ လက်မခံခဲ့ဟု ဆိုသည်။

သို့သော်လည်း စက်ရုံ အလုပ်သမားများမှာ ထိုနာရေးအား ကိုယ်အသိဖြင့်ကိုယ် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပြီး နောက်တစ်နေ့ သြဂတ်စ်လ ၁၆ ရက်နေ့ စက်ရုံသို့ အလုပ်ဆင်းရာ စက်ရုံက အလုပ်ဆင်းခွင့် မပေးခဲ့ကြောင်း ရခိုင်အမျိုးသမီး အလုပ်သမားများက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်မတို့ကို စက်ရုံက အလုပ်က ထုတ်ပယ်ထားတာကို မသိရှိတဲ့ အတွက် သြဂတ်စ်လ (၁၆) ရက်နေ့က အလုပ်ဆင်းဖို့ စက်ရုံကို သွားပါတယ်။ စက်ရုံကိုရောက်မှ ကျွန်မတို့ အသုဘ လိုက်ပို့တဲ့ အလုပ်သမ ၄၉ ဦးကို အလုပ်က ထုတ်ပယ်ထားတာကို သိရပါတယ်” ဟု အလုပ်မှ ထုတ်ပယ် ခံထားရသူ မချိုချိုဝင်းက ပြောသည်။

၎င်းပြင် N.P.C Bottle cleaing ဖြစ်သူ မပုံ့ပုံ့(ခ) မခင်ဇာခြည်အောင်မှ ရုံးဆင်းရန်လာသည့် အလုပ်သမများကို ဆဲဆိုခြင်း၊ ခြေထောက်နဲ့ ကန်ကျောက်ခြင်းတို့ကို ပြုလုပ်ပြီး ကိုယ်ထိ လက်ရောက် စော်ကားခဲ့သည်ဟု ဆိုသည်။

တခြား စက်ရုံ အလုပ်သမ တစ်ဦးကလည်း စက်ရုံ လုံခြုံရေးများမှ သူမအား ရုန်းရင်းကြမ်းတမ်းစွာ ဖြင့် စက်ရုံမှ ပြင်ပသို့ ဆွဲထုတ်ခဲ့သည်ဟု ဆိုသည်။

” ကျမရဲ့ကျန်ခဲ့ ပစ္စည်းတွေ သွားယူရာမှ စက်ရုံလုံခြုံရေးတွေက ကျမရဲ့ လက်မောင်း တဖက် တချက်ကို ကိုင်ပြီး အတင်း ဆွဲထုတ်ပါတယ်။ ဒီအချိန်မှာ B/C ခေါင်းဆောင်ဒေါ်တင်မေဦး ကိုယ်တိုင် မျက်မြင် သက်သေရှိနေပါတယ်″ ဟု နိရဉ္ဖရာကိုပြောကြားလိုက်သည်။

အမျိုးသမီး အလုပ်သမ ၄၉ ဦးနှင့် အတူ အလုပ် ထုတ်ပယ်ရာတွင် ပါဝင်ခဲ့သော တစ်ဦးတည်းသော ယောင်္ကျာလေး တစ်ဦးဖြစ်သူ မောင်ကျော်နေလင်းကလည်း သူအား မောင်းထုတ်ကြပုံကို ယခုလို ပြောသည်။

” ကျနော်ဝတ်ထားတဲ့ အင်္ကျီ၊ ဖိနပ်၊ ဦးထုပ်တွေကို အတင်း လိုက်ချွတ်ကြတာ။ တကယ်ရှက် ဖို့ကောင်းတယ်။ တခါမှ ဒီလိုမကြုံဖူးဘူးဗျ” ဟု ပြောသည်။

N.P.C Bottle cleaing ဖြစ်သူ မပုံ့ပုံ့(ခ) မခင်ဇာခြည်အောင်မှ ဆဲဆိုခြင်း၊ ခြေထောက်နဲ့ ကန်ကျောက်ပြီး ကိုယ်ထိ လက်ရောက် ခံခဲ့ရသူ မစန်းစန်းထွေး(၂) ကလည်း ယခုလို ဆိုသည်။

“ကျမကို မပုံ့ပုံ့က ဆဲလည်းဆဲတယ်။ နောက်ပြီးခြေထောက်နဲ့လည်းကန်တယ်၊ ကျမရဲဂုဏ်သိက္ခာကို ကိုယ်ထိ လက်ရောက် စော်ကား ခံလိုက်ရပါတယ်″ ဟုနိရဉ္ဖရာကိုပြောသည်။

Myanmar Winery & Distillery Co,Ltd စက်ရုံမှာ No.(64) Phan Chat Woan, U Shwe Ohe Street, Industrial Zone(3), Shwe Pyi Thar Township, Yangon, Myanmar. Tel; 01-618108, 01-618629 ဖြစ်ပြီး အလုပ်ရှင်မှာ (IBTC) အုပ်စုပိုင်ရှင် ဦးအောင်မိုးကျော်ဖြစ်သည်ဟု သိရှိရသည်။

အသုဘ လိုက်ပို့သည်ကို အကြောင်းပြ၍ အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသော်လည်း အလုပ်သမများ အနေဖြင့် နစ်နာကြေး၊ လျှော်ကြေးငွေနှင့် ကျန်နေသေးသော လုပ်ခ လစာများအား တစ်စုံတစ်ရာ ရှင်းလင်း ပေးခြင်းမရှိကြောင်း သိရသည်။

ယခုအခင်း ဖြစ်ပွားရာ စက်ရုံတွင် လုပ်သား ၅၀၀ ကျော်ခန့်ရှိပြီး ပုလင်းဆေး၊ တံဆိပ်ကပ်သော အလုပ်များကို လုပ်ကြရသည် ဟုသိရှိရသည်။

ရခိုင်ပြည်နယ်မှ လာရောက်လုပ်ကိုင်နေကြသော ရခိုင် အလုပ်သမား အမျိုးသမီးငယ် ၄၉ ဦးအား စက်ရုံမှ မတရား အလုပ် ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက်ပြီး သြဂတ်စ် ၁၈ ရက် ယနေ့တွင် ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်၊ မိုးဟိန်းလမ်း၊ ည/ ၁၁ ရပ်ကွက်ရှိ ကံညီနောင် ကျောင်းတိုက်တွင် သတင်း မီဒီယာသမားများကို ဖိတ်ကြားပြီး သတင်းစာ ရှင်းပွဲပြုလုပ်ုခဲ့သည်ဟု သိရသည်။

မောင်နီမိုး

နိရဉ္စရာ- သြဂတ် ၁၈

No comments:

Post a Comment