Tuesday, August 20, 2013

ပြည့်တန်ဆာအမျိုးသမီးနှင့်အတူပါအမျိုးသားတို့မှပူးပေါင်း၍ လုယက်မှုကျူးလွန်


၁၇.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်မြို့နယ်နေ ဦး----- သည် သီရိမင်္ဂလာဈေးသစ်အနီးရှိ နန်းထိုက်တော်ဝင်ဘီယာဆိုင်၌ ဘီယာသောက်ပြီးဆိုင်မှပြန်ထွက်စဉ် မလှမ်းမကမ်းတွင် တွေ့ရသည့်
ပြည့်တန်ဆာမိန်းကလေးတစ်ဦးအားပျော်ပါးရန် ခေါ်ယူခဲ့ရာ ၎င်းမိန်းကလေးနှင့်အတူ အမည်မသိ အသက်(၂၀)ကျော်ခန့်ရှိ
အမျိုးသား(၂)ဦးလည်းအတူလိုက်ပါခဲ့ကာ အငှားယာဉ်ဖြင့် တည်းခိုခန်း
အားလိုက်လံရှာဖွေခဲ့ပါသည်။
Yangon Police

ထိုသို့တည်းခိုခန်းအား လိုက်လံရှာဖွေခဲ့ရာမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံသို့အရောက် ဦး---နှင့် မိန်းကလေးသည် ယာဉ်ပေါ်မှဆင်းကာ
လမ်းဘေး၌ အပေါ့သွားနေစဉ် အတူလိုက်ပါလာသည့် အမျိုးသား(၂)ဦးမှ ဦး---- အား ဆောင့်တွန်း၍ လွယ်ထားသည့်အနက်ရောက်ဘေးလွယ်
အိတ်အား လုယူထွက်ပြေးသွားခဲ့ပါသည်။

အိတ်အတွင်း၌ ငွေကျပ်(၂)သိန်းကျော်ခန့်၊ လက်ကိုင်ဖုန်း(၁)လုံး၊ ယာဉ်မောင်းလိုင်စင်(၁)ခု၊ ဘဏ်ငွေ ထုတ်ကဒ်(၁)ခုတို့ ပါဆုံးသွားခဲ့ပြီး
ဆောင့်တွန်းခံရ၍ ဦး--- တွင် ၀ဲနားထင်၊ဒူးနှစ်ဖက် တို့တွင်ပွန်းပဲ့ဒဏ်ရာ
များရရှိခဲ့သဖြင့် ၁၈.၈.၂၀၁၃ ရက်နေ့တွင် သောင်ကြီးနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့်(ပ)၄၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၁၁၄ ဖြင့်
အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် သောင်ကြီးနယ်မြေရဲစခန်းမှူး
နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်နေသူများဖြစ်သည့် ကျော်နိုင်(ခ)ကုလားလေး၊
ကျော်မင်းသန့်(ခ)ရဲမင်းသူ နှင့် မသင်းသင်းအေး(ခ)တောသူမတို့ (၃)ဦးမှပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment