Sunday, August 4, 2013

နေပြည်တော်၌ ဈေးသူ ဈေးသားများ လက်ဝယ်သို့ တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချပေး Sunday, 04 August 2013


နေပြည်တော် စည်ပင် သာယာရေး ကော်မတီ၏ စီစဉ်မှု၊ ဈေးများ ဌာန၏ ကြီးကြပ်မှုဖြင့် ပျဉ်းမနားမြို့ အမှတ်(၁) မြို့မဈေးနှင့် ယုဇန ဈေးတို့တွင် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးသူ ဈေးသား များအား ယနေ့ နံနက်ပိုင်းတွင် ရောင်းချ ပေးခဲ့ရာ နေပြည်တော် ကောင်စီဝင် ဦးမျိုးညွန့် လှည့်လည် ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပျဉ်းမနားမြို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းမော်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ နေပြည်တော် ဈေးများဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေဝင်းထွန်း၊ ဈေးတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် ဈေးသူ ဈေးသားများ တက်ရောက်ကြသည်။

ပျဉ်းမနားမြို့ မြို့မဈေး အနေဖြင့် ဆိုင်ခန်းပေါင်း ၁၃၅၇ ခန်း အတွက် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း CDMA 800 MHz Sim Card 70၊ ယုဇနဈေး အနေဖြင့် ဆိုင်ခန်းပေါင်း ၃၅၇ ခန်းအတွက် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း CDMA 800 MHz Sim Card 30 တို့ကို ဈေးသူ ဈေးသားများ ရှေ့၌ ပွင့်လင်း မြင်သာစွာ မဲစနစ်ဖြင့် လက်ဝယ် အရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။

Myawady News

No comments:

Post a Comment