Thursday, August 15, 2013

ဆရာမင်းလူ၏ အတ္တုပတ္တိအကျဉ်း SkyNet TV Browser


၁၉၅၉ - ၁၉၆၈ - စိန်ပေါအထက်တန်းကျောင်း(နောင် အ.ထ.က-၆
(ဗိုလ်တစ်ထောင်))၌ ပညာသင်ကြားခဲ့သည်။

၁၉၆၈ - ၁၉၇၂ - အ့ထ့က(၁)သင်္ဃန်းကျွန်းကျောင်းသို့ ပြောင်းရွှေ့
ပညာသင်ကြားခဲ့ပြီး အခြေခံပညာအထက် တန်းအောင်မြင်ခဲ့သည်။
ကျောင်းသားဘ၀တွင် စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှုးနှင့်
သိပံ္ပပညာအသင်း တွဲဖက်အတွင်းရေးမှုးအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၇၂ - ၁၉၇၇ - ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားပြီး ၀ိဇ္ဇာဘွဲ့(ဒဿနိကဗေဒ)ရရှိခဲ့။ တက္ကသိုလ် နံရံကပ်စာစောင်နှင့် နှစ်ပတ်
လည်မဂ္ဂဇင်းတို့တွင် ''တောရကျောင်းဘုန်းကြီး'' အမည်ဖြင့်
ကဗျာများရေးခဲ့သည်။

၁၉၇၆ - ရုပ်ရှင်ပဒေသာမဂ္ဂဇင်း၌ ၀တ္ထုတိုစတင်ဖော်ပြခံရပြီး စာပေနယ်သို့
ဝင်ရောက်ခဲ့သည်။ ကျောင်းတက် ရင်း စာအုပ်ထုတ်ဝေရေးလုပ်ငန်း
လေ့လာလုပ်ကိုင်ခဲ့သည်။

၁၉၇၇ - မင်းလူအမည်ဖြင့် ''ပန်းကျောင်း''လုံးချင်းဝတ္ထု ထွက်ခဲ့။

၁၉၇၈ - ''သာဓုအင်ဆန်း''(စုပေါင်း)စာအုပ်ထွက်ခဲ့။ ''အချစ်လားဟေ့ ၀င်ခဲ့လေကွယ်'' ကဗျာစာအုပ်ထွက်ခဲ့။

၁၉၇၉ - ''ချစ်သောပန်းကလေးများ'' ၀တ္ထုလုံးချင်းထွက်ခဲ့။ သူငယ်ချင်း ကဗျာဆရာများနှင့်တွဲ၍ ကဗျာစာအုပ် များထွက်ခဲ့။

၁၉၈၁ - မစန်းစန်းအောင်(တက္ကသိုလ်စာကြည့်တိုက်ဝန်ထမ်း)နှင့် လက်ထပ်ခဲ့။ (သမီးနှစ်ဦးထွန်းကားခဲ့)။
''အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း'' စာအုပ်ထွက်။ ''ငှက်ကလေး''၀တ္ထုထွက်။

၁၉၈၂ - ''နှစ်ကိုယ်ခွဲ''

၁၉၈၃ - သံယောဇဉ်အဖွဲ့၊ မိညီမ ထွက်။

၁၉၈၄ - ''လွမ်းရအောင်''၀တ္ထုထွက်။

၁၉၈၅ - ''ကျွန်တော်ကျွန်မတို့သည်''၀တ္ထုထွက်။ ''အချစ်အလွမ်းစွန့်စားခန်း''-၀တ္ထုထွက်။

၁၉၈၆ - သူတို့ပျော်ကြလေပြီ၊ သူကလည်းသူ ကျွန်တော်ကလည်းကျွန်တော်၊ ခုနစ်စဉ်အလွမ်း၊ မင်းမဆိုး ပါဘူး စသောလုံးချင်းဝတ္ထုများ ဆက်တိုက်လိုလိုထွက်ခဲ့။

၁၉၈၇ - ''ချစ်မှာလားကွယ်၊ ကြိုက်မှာလားကွယ်''၀တ္ထုထွက်။ မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ်၊ သုံးနား ညီ၊ ရယ်စရာမောစရာ-ထွက်။

၁၉၈၈ - ''ရင်ခုန်သူများ''၀တ္ထုထွက်။

၁၉၈၉ - ''ရင်ထဲကဆောင်းရာသီ''၀တ္ထုထွက်၊ ''ဖော်ကွာဝေး'' ထွက်။

၁၉၉၀ - ''ဘာမှမတတ်နိုင်ဘူး'' ''သူငယ်ချင်းတစ်ယောက်အကြောင်း''၀တ္ထုထွက်။

၁၉၉၂ - ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ညွှန်းများ စတင်ရေးသား။

၁၉၉၄ - ''အချစ်ရူးကြီးရူးတော့သည်'' ၀တ္ထုထွက်။ ''သံမဏိဝတ်မှုန်နှင့် လတ်ဆတ်သောဝတ္ထုများ''(စုပေါင်း)ထွက်။

၁၉၉၅ - ''လမ်းဖြတ်ကူးသောဝတ္ထုတိုများ''။ လွန်လေပြီးသောနှလုံးသား(မဂ္ဂဇင်းဝတ္ထုရှည်များ) ၀တ္ထုများထွက်။

၁၉၉၆ - ချစ်မြှားရှင်ချစ်စေသတည်း၊ ငိုးအားနှင့်ရယ်အား၊ သံယောဇဉ်အဖွဲ့၊ အချစ်သက်သက်ဝတ္ထုတိုများ၊ အတွေ့လေးရယ်မှအိုအကြုံ။ ''အမုန်းခွန်အားဝတ္ထုများ၊ အမုန်းအလိုမရှိ စသောဝတ္ထုများထွက်။

၁၉၉၇ - ''ရင်မောခြင်းနှင့်ရယ်မောခြင်း''၀တ္ထုထွက်။

၁၉၉၉ - ''ချစ်တယ်ကြိုက်တယ်ဆိုတာ ဘယ်လိုဟာများခေါ်ပါသလဲလို့ မောင်ဘုရားကိုပြောစမ်းပါ နှမတော်
လေးရယ်နှင့် အခြားဝတ္ထုတိုများ''(စုပေါင်း)၊ ပြောတိုင်းယုံတဲ့ပုတ်သင်ညို၊ ယမကာလုလင်၊ ရယ်မောခြင်းလက်ရွေး စင်၊ရွှေရောင်မမရဲ့ပုံတူ(စုပေါင်း) စာအုပ်များထွက်။

၂၀၀၀-ပြည့် - အမည်မဖော်လိုသူအချစ်၊ ရေတမာ၊ ဦးမင်းလူကောင်းမှု၊စာအုပ်များထွက်။

၂၀၀၁ - စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်နှင့် အခြားဝတ္ထုတိုများ၊ စာပေလေလံပွဲ၊ အက်ဆေးချစ်သူ စသော စာအုပ်များထွက်။

ဆရာမင်းလူသည် ရုပ်ရှင်ဇာတ်ညွှန်းများစွာ ရိုက်ကူးခြင်းခံခဲ့ရပြီး အများစုကို ကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့သည်။

**ဆရာ၏အတ္တုပတ္တိအကျဉ်းအား min lu fan page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။**

No comments:

Post a Comment