၎င်းလည်းဟော်တယ်တွင် အခန်းပေါင်း ၃၀ခန့်ရှိပြီး အစိုးရဘက်ပိုင်း လူကြီးများ ဝင်ထွက်သွားလာလေ့ရှိကြောင်း ၄င်းဟော်တယ်မှ ဝန်ထမ်း တစ်ဦးက ဖြေကြားပေးသွားပါတယ်၊သူဌေးကတော့ တစ်ခါတစ်လေ လာတယ်၊သူဌေးမိန်းမကတော့ နေ့ခင်းဘက်ရုံးထိုင်တယ်၊ လာတဲ့လူကြီးတွေ နာမည်တော့မသိဘူး၊ ဦးနေဇင်လတ်အခန်းထဲမှာ တွေ့ဆုံကြတာမျိုးလည်း ရှိကြောင်း အဆိုပါဝန်ထမ်းမှ ဖြည့်စွပ်ဖြေကြားခဲ့ပါတယ်၊အထက်ပါ ကိစ္စနှင့်ပတ်သတ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုင်းကျော်အုန်းက “ ဒီလို ဟိုတယ်တွေမှာ ပြည့်တန်ဆာလုပ်ငန်း တွေ့ရင်တော့တားဆီးရမှာပေါ့၊ စည်းကမ်းအရ ခွင့်မပြုဘူးလေ၊ အခုတော့ တင်ပြထားတာမရှိသေးပါဘူး၊ တိုင်ကြားလာရင်တော့ နောက်ဆုံးအနေနဲ့ ခေါ်ယူသတိပေးမယ်၊ ဒါမျိုးက နိုင်ငံတော်မှာ မရှိဘူးလေ၊ နိုင်ငံတော် image လည်း မကောင်းဘူး” လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်--။။။
( မှီငြမ်း ----Unity Journal )
No comments:
Post a Comment