Thursday, January 9, 2014

ဟားခါးမြို့ခံတွေကို ကုမုဒြာသတင်းထောက်စော်ကားလိုက်ပြီ Today Myanmar


ဒေါ်အောင်ဆန်းစုကြည်၏ ဟားခါးခရီးစဉ်နှင့်ပတ်သက်၍ ကုမုဒြာဂျာနယ် သတင်းထောက် ဒေါ်နန်းလွင်ရတနာ ၏ ဝေဖန်ရေးသားမှုအပေါ် ဟားခါးမြို့ခံများ ကျေနပ်မှုမရှိ

ဒေါ်အောင်ဆန်းစုကြည်၏ ဟားခါးခရီးစဉ်နှင့်ပတ်သက်၍ ကုမုဒြာဂျာနယ်သတင်းထောက် ဒေါ်နန်းလွင် ရတနာ ၏ Personal Facebook စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားထားမှုများအား ဟားခါးမြို့ခံများမှ ကျေနပ်မှုမရှိကြောင်း သိရှိရသည်။ ၎င်းသတင်းထောက်က “ဟားခါးက ငါတို့ အားလုံးကို ပညာပြတယ်၊ လမ်းဘေးမှာ အိပ်ရတော့မလို့ အန်တီ့ကိုလည်း အဲလိုလုပ်တယ်။ လုံခြုံရေးတွေတည်းမယ့် သစ်သားစုတ် တည်းခိုခန်းမှာ အန်တီတည်းနေရတယ်၊ ရေကလဲ ခဲနေတယ်၊ ညီမတို့လည်း စိတ်ကုန်တယ်၊ အားလုံးကြိုပြော ထားတာ နီးမှ ရောက်မှ မရတော့ဘူးပြောတယ်” ဟု ၎င်း၏ Facebook တွင် ရေးသားဖော်ပြခဲ့သည်။ ၎င်း ကိစ္စနှင့်ပတ်သက်၍ ဟားခါးမြို့ခံ NLD ပါတီဝင်တစ်ဦးမှပြောဆိုရာတွင် “ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့် ပတ်သက်ပြီး ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ (၆)ဦးစာ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က အတူပါလာတဲ့အဖွဲ့တွေနဲ့ တစ်စုတစ်စည်းထဲ တည်းခိုလိုတဲ့အတွက် ဟားခါးမြို့နယ်က ချယ်ရီတည်းခိုခန်း မှာ တည်းခိုခဲ့ပြီး ကျန်အဖွဲ့တွေက ချယ်ရီတည်းခိုခန်းအနီးမှာရှိတဲ့ ဂရိတ်တည်းခိုခန်းနဲ့ ရိန်းတည်းခိုခန်းတွေမှာ မျှပြီးတည်းခိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တည်းတဲ့ ချယ်ရီတည်းခိုခန်းဟာ ဟားခါးမြို့မှာအကောင်းဆုံး တည်းခိုခန်း တစ်ခုပါ၊ ဒါကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သစ်သားအိမ်စုတ်မှာ တည်းခိုရတယ်ဆိုပြီး မမှန် မကန်ရေးသားထားတာတွေ့ရပါတယ်။ တည်းခိုခန်းတွေကို ကြိုတင်ပိုက်ဆံပေးပြီး ဘိုကင်လုပ်ထားတဲ့ သတင်း ထောက်တွေအားလုံး အခန်းရကြပါတယ်။ ခရီးအတွက် ကြိုတင်မပြင်ဆင်ထားတဲ့သူတွေပဲ အခန်းမရဘဲ ဘုန်းကြီးကျောင်းတွေမှာ အိပ်ခဲ့ကြရတာပါ။ ကျွန်တော်တို့ ဟားခါးမြို့မှာ အဓိကတည်းခိုခန်း (၄)လုံးသာ ရှိပါ တယ်။ တစ်မြို့လုံ တည်းခိုခန်းအားလုံးပေါင်းမှ အခန်း (၆၀)လောက်ပဲ ရှိပါတယ်။ အဲဒီတည်းခိုခန်းတွေမှာ မူလက တည်းနေတဲ့လူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာပါတဲ့ အဖွဲ့တွေအားလုံး သတင်းထောက်တွေ ပေါင်း လိုက်ရင် လူ (၂၀၀)ကျော်လောက်ရှိတဲ့အတွက် လူတိုင်းစေ့တော့ တည်းခိုခန်းမရနိုင်ပါဘူး။ ဒါကို သေချာ မလေ့လာဘဲ သတင်းထောက်တစ်ယောက်ဖြစ်လျက်နဲ့ မမှန်မကန်ရေးသားပြောဆိုခြင်းဟာ ဒေါ်အောင်ဆန်း စုကြည်ကိုလေးစားတဲ့ ကျွန်တော်တို့ ဟားခါးမြို့သူမြို့သားတွေကို စော်ကားရာကျပါတယ်။ ဒါကြောင့် သတင်း ထောက် ဒေါ်နန်းလွင်ရတနာ အနေနဲ့ ဟားခါးမြို့သူ၊ မြို့သားတွေကို ပြန်တောင်းပန်စေချင်တယ်” ဟု ပြောဆို သွားပါသည်။
ကုမုဒြာဂျာနယ် သတင်းထောက် ဒေါ်နန်းလွင်ရတနာ၏ ရေးသားချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုထောက်ခံသူ ပြည်သူများမှ ချင်းပြည်နယ်အစိုးရ၊ ဟားခါးမြို့ခံ NLD ပါတီဝင်များနှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် အတူလိုက်ပါလာသူ NLD ပါတီဝင်များအား စီမံခန့်ခွဲမှုညံ့ဖျင်းသည်ဟု ဆိုကာ ဝေဖန်မှုများရှိခဲ့ ကြောင်း သတင်းရရှိပါတယ်။

ချင်းသတင်းစဉ်

(ဒေါ်အောင်ဆန်းစုကြည်တည်းခိုခဲ့သည့် ဟားခါးမြို့ရှိ အကောင်းဆုံး ချယ်ရီတည်းခိုခန်းပုံ)၎င်းတည်းခိုခန်းအား ကုမုဒြာသတင်းထောက်မှ သစ်သားစုတ်တည်းခိုခန်းဟု ရေးသားခဲ့
 
 Photo

No comments:

Post a Comment