Sunday, January 19, 2014

*ဂုဏ်ယူစရာ အမေအို *


ဒီအမေအိုရဲ့အသက်က ၇၇နှစ်ပါ။
လက်ထဲမှာ တောင်ဝှေးတစ်ချောင်းပါသလို အိတ်ခွံကြီးတစ်လုံးလည်းပါပါတယ်။ ထိုအိတ်ကို အကဲခတ်ကြည့်လိုက်တော့ အိတ်ထဲမှာ ရေသန့်ဗူးခွံတို့ ဘီယာဗူးခွံတို့ ဖိနပ်အပျက်တို့ကို တွေ့ရလို့ ဒီအသက်ရွယ်မှာ ဒီလုပ်ငန်းလုပ်နေရတော့ စိတ်ဝင်စားလို့ နည်းနည်းမေးမြန်းကြည့်မိပါတယ်။

ဝမ်းနည်းရမလိုလို ဝမ်းသာရမလိုလို ဖြစ်သွားတယ်။ အမေကြီးပြောတာလေးကတော့ သားသမီးမရှိဘူးတဲ့။ တစ်ယောက်တည်းနေတာပါတဲ့။ပင်စင်လစာကတော့ တစ်လ ၂ သောင်းကျပ်ရပါတယ်တဲ့။

သူ့အတွက်လုံလောက်ပါတယ်တဲ့။အခုရေသန့်ဗူးခွံတွေ ဖိနပ်ပျက်တွေလိုက်ကောက်တာ သူစားဝတ်နေရေးအတွက်မဟုတ်ပါဘူး။ပင်စင်လစာက သူ့အတွက်လုံလောက်တယ်ဆိုပေမယ့် လှူဖို့တန်းဖို့ မရှိဘူးတဲ့။

လှူ ချင်တဲ့စိတ်သာရှိတာ လှူ စရာမရှိဘူးတဲ့။ဒါကြောင့် လှူ နိုင်အောင် ဝင်ငွေရှာတာပါတဲ့။ဒီ ဗူးခွံတွေ လိုက်ကောက်ပြီ်းပြန်ရောင်းတာ တနေ့ကိုတစ်ထောင်လောက်တော့ရပါတယ်။အဲဒီငွေလေးနဲ့ နံနက်တိုင်းဆွမ်းချက် ပြီး ဆွမ်းလောင်းနိုင်တာပါလို့ အားရပါးရ ပြောပြပါတယ်။သူအတွက်တော့ တနပ်ပဲစားပါတယ်။အသက်ကြီးတော့ ဗိုက်ကသိပ်မစာပါဘူးတဲ့။ဆွမ်း ဆွမ်းဟင်းအမြဲလှူ နိုင်အောင် ဗူးခွံကောက်ဝင်ငွေ ရှာတာပါတဲ။တစ်လလျှင်တစ်ကြိမ်တော့ ဟင်းကောင်းကောင်းလေးချက်ပြီးဆွမ်းလောင်းနိုင်ပါတယ်လို့လဲ မမောနိုင်ပဲ ဖြေရှာပါတယ်။

ဗူးခွံကောက်ရင်း ကျောင်းတိုက်ထဲရောက်ရင်လည်း ရှင်သာမဏေများအား လှူ ဖို့ မုန့်ထုတ် ချိုချဉ်ထုတ်များကိုလည်း တခါတည်းယူလာတတ်ပါတယ်။ အမေအသက်ရှင်သရွေ့တော့

မလှူပဲမနေနိုင်ပါဘူးတဲ့။အသက်ရှင်သရွေ့တော့ တတ်နိုင်သလောက်ချွေးနည်းစာလေးနဲ့ လှူနေဦးမယ်ဆိုတဲ့ အမေအိုပေါ့ဗျာ ...။

ပေးပို့သူ
အညတရ အသျှင်

Min Mahar

တွေ့ရှိတဲ့ သူများကလည်း အကူအညီပေးကြပါဗျာ...

Ref: Tanintharyi Thar

စွယ်စုံကျမ်း
 Photo

No comments:

Post a Comment