ဟောင်ကောင်က ကျန်းမာရေး အာဏာပိုင်တွေက H7N9 ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက်ခံရတဲ့ သုံးယောက်မြောက် လူတစ်ဦးရှိကြောင်း
အတည်ပြုချက်ထုတ်ပြန်လိုက်ပြီး ဒါဟာ ၂၀၁၄ခုနှစ်အတွင်း ဟောင်ကောင်မှာ
ပထမဦးဆုံးအကြိမ် ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက်ခံရမှုပဲဖြစ်ပါတယ်။
H7N9 ကြက်ငှက်တုတ်ကွေးရောဂါကို စမ်းသပ်စစ်ဆေးနေနဲ့ ကျန်းမာရေးလုပ်သားတွေ (Credit: ABC licensed)
ဟောင်ကောင်က အသက် ၆၅နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အဆိုပါ ကြက်ငှက် တုတ်ကွေး
ရောဂါ ကူးစက်ခံရစားနေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတဲ့အကြောင်း
ဟောင်ကောင် ကျန်းမာရေး ကာကွယ် စောင့်ရှောက်ရေးဌာနက တာဝန်ရှိသူတစ်ဦးက
ဗုဒ္ဓဟူးနေ့ တုန်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို
အတည်ပြု ပြောသွားခဲ့ပါတယ်။
အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့
ဇန်န၀ါရီလ ၃ရက်နေ့ကစပြီး ကိုယ်ပူတာတွေ၊ ချောင်းဆိုးတာတွေနဲ့
အသက်ရှုကြပ်တာတွေကို စတင်ခံစားနေရပြီး ဆေးကုသမှုကို ခံယူနေရတဲ့အကြောင်းနဲ့
အခုလောလောဆယ် အဲဒီအမျိုးသားကို အရေးပေါ်ဌာနမှာတင်ထားရတဲ့အကြောင်း အဆိုပါ
ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေးဌာနက တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကပဲ တရုတ်နိုင်ငံ တောင်ဖက်ပိုင်းမှာ H7N9 ကြက်ငှက်တုတ်ကွေး ရောဂါကြောင့် လူနာတစ်ဦးသေဆုံးခဲ့ပါတယ်။
H7N9 ကြက်ငှက်တုတ်ကွေးရောဂါဟာ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလကစပြီးတော့ တရုတ်နိုင်ငံကနေ စတင်ပြန့်ပွားလာတာဖြစ်ပါတယ်။
radioaustralia
No comments:
Post a Comment