Thursday, January 9, 2014

တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာမြို့နယ်များအတွက် အွန်လိုင်းမှ လုပ်ငန်းလိုင်စင်ကို စတင်လျှောက်ထားနိုင်

တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာမြို့နယ်များအတွက် အွန်လိုင်းမှ လုပ်ငန်းလိုင်စင်ကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အွန်လိုင်းမှ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းကို မြို့နယ်အသီးသီးအတွက် တိုးချဲ့နေခြင်းဖြစ်ရာ အထက်ပါ မြို့နယ်များကိုလည်း တိုးချဲ့လိုက်ခြင်း ဖြစ်သည်။ ယခုအခါ ကျောက်တံတား၊ အလုံ၊ လမ်းမတော်၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ တာမွေ၊ ပုဇွန်တောင်၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမြို့နယ်များတွင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ တာမွေမြို့နယ်နှင့် တောင်ပိုင်းခရိုင်ရုံး၊ မရမ်းကုန်းမြို့နယ်နှင့် မြောက်ပိုင်းခရိုင်ရုံးရှိ လုပ်ငန်းလိုင်စင်ဆိုင်ရာ လျှောက်ထားချက်များကို ဆောင်ရွက်နိုင်ခဲ့ရာမှ ယခုအခါ အခြားမြို့အချို့တွင်ပါ ထပ်တိုး ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆောင်ရွက်နိုင်သော မြို့နယ်များအတွင်းရှိ လုပ်ငန်းများအတွက် လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စများကို ဝက်ဘ်ဆိုက်လိပ်စာ www.ycdc.com.mm/business-license သို့ ဆက်သွယ်လျှောက်ထားနိုင်မည် ဖြစ်သည်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/10414


No comments:

Post a Comment