Thursday, January 9, 2014

ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တောမြို့များမှ တိုင်ရင်းသားများအတွက် မျက်စိရောဂါများ ကုသရန်စီစဉ် ဘူးသီးတောင်၊ ၈၊ ဇွန်န၀ါရီ၊ ၂၀၁၄၊ Coral Arakan News

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကမကထပြုပြီး ရန်ကုန်မြို့ရှိ ရခိုင်မိသားစုဝင်များက အလှုငွေများထည့်ဝင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ တိုင်းရင်းသားများကို မျက်စိဝေဒနာများကုသပေးရန်စီစဉ်နေကြောင်းသိရသည်။

မျက်စိရောဂါကုအဖွဲ့သည် ရသေ့တောင်မြို့တွင် အခြေစိုက်ကုသကာ ဇွန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိကုသပေးမည်ဟုသိရသည်။

ယခုအခါ ဘူးသီးတောင်မြို့ကျေးရွာများမှ မျက်စိဝေဒနာရှင်များကို RNDP ပါတီနှင့် မြို့ပေါ်လူမှုရေးအဖွဲ့များက အထက(၁) ခွဲတွင် ကူညီစောင့်ထားပြီး ဇွန်န၀ါရီလ ၈ ရက်နေ့တွင် ရသေ့တောင်သို့ ဓည၀တီသင်္ဘောဖြင့်ပို့ဆောင်ပေးမည်ဖြစ်သည်။

ဘူးသီးတောင်မြို့တွင် မျက်စိဝေဒနာကို ကုသရန် စာရင်းပေးထားသူများမှ စုစုပေါင်း ၃၄၃ ဦးရှိပြီဖြစ်သည်။


 Photo: ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တောမြို့များမှ တိုင်ရင်းသားများအတွက် မျက်စိရောဂါများ ကုသရန်စီစဉ်

ဘူးသီးတောင်၊ ၈၊ ဇွန်န၀ါရီ၊ ၂၀၁၄၊ Coral Arakan News

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကမကထပြုပြီး  ရန်ကုန်မြို့ရှိ ရခိုင်မိသားစုဝင်များက အလှုငွေများထည့်ဝင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ တိုင်းရင်းသားများကို မျက်စိဝေဒနာများကုသပေးရန်စီစဉ်နေကြောင်းသိရသည်။

မျက်စိရောဂါကုအဖွဲ့သည် ရသေ့တောင်မြို့တွင် အခြေစိုက်ကုသကာ ဇွန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိကုသပေးမည်ဟုသိရသည်။

ယခုအခါ ဘူးသီးတောင်မြို့ကျေးရွာများမှ မျက်စိဝေဒနာရှင်များကို RNDP ပါတီနှင့် မြို့ပေါ်လူမှုရေးအဖွဲ့များက အထက(၁) ခွဲတွင် ကူညီစောင့်ထားပြီး ဇွန်န၀ါရီလ ၈ ရက်နေ့တွင် ရသေ့တောင်သို့ ဓည၀တီသင်္ဘောဖြင့်ပို့ဆောင်ပေးမည်ဖြစ်သည်။

ဘူးသီးတောင်မြို့တွင် မျက်စိဝေဒနာကို ကုသရန် စာရင်းပေးထားသူများမှ စုစုပေါင်း ၃၄၃ ဦးရှိပြီဖြစ်သည်။

No comments:

Post a Comment