Sunday, January 12, 2014

လမ်းပြောင်းပြန်ရပ်ထားသော ကားကိုစစ်ဆေးရာ ယာဉ်ထိန်းရဲ လက်သီးဖြင့်ထိုးခံရ


ပဲခူးမြို့ ဈေးပိုင်းရပ်ကွက် မင်းလမ်းထိပ် အဝင်လမ်းသတ်မှတ်ထားသော ညွန့်ရုပ်ရှင်ရုံ လမ်းထိပ်၌ လမ်းပြောင်းပြန်ရပ်ထားသော ၁၈/၉၇၈၉(SURF)ခဲပြာရောင် ယာဉ်မောင်း တင်လတ်(ခ) ကိုလတ် (သ)၂၂/၁၄ နှစ် ငါးဒိုင်လုပ်ငန်း (ယာဉ်မောင်းလိုင်စဉ်မရှိ) အမှတ်(၄၈၄)ကလျာဏီ(၄)လမ်း ပဲခူးမြို့နေသူအား အမှတ်(၃)ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ပဲခူး)မှရဲတပ်ကြပ်ကြီး ပြည့်စုံဦး မှ လမ်းပြောင်းပြန်ရပ်ထားသည့်ကိစ္စကို ပညာပေးပြောဆိုနေစဉ် "ဘယ်သူစီးတဲ့ကားလဲဆိုတာ သိရဲ့လား"ဟု ခြိမ်းခြောက်ပြောဆိုပြီး လက်သီးဖြင့်ထိုးခဲ့ရာတပ်ကြပ်ကြီးပြည့်စုံဦးတွင် ဝဲဘက် လည်ပင်းဖူးရောင်နာကျင်ဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)ရရှိပြီး ပဲခူးဆေးရုံမှပြင်ပလူနာအဖြစ်ဆေးကုသမှု ခံယူခဲ့ရသဖြင့် တင်လတ်(ခ)ကိုလတ်အား ပဲခူးမြို့မရဲစခန်း(ပ)၁၈/၂၀၁၄ ပြစ်မှူပုဒ်မ ၃၃၂ ဖြင့်အရေး ယူဆောင်ရွက်ထားကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ အချင်းဖြစ်နေရာသို့ အမည်မသိ ယာဉ်ထိန်းတစ်ဦး ရောက်ရှိလာပြီး ဦးထုပ်ချွတ် ယူနီဖောင်းချွတ်ကာထိုးကြိတ်ရန် ပြုလုပ်ခဲ့ကြောင်း တပ်ကြပ်ကြီး ပြည့်စုံးဦးမှလည်း တင်လတ်(ခ) ကိုလတ်၏အမဖြစ်သူ ဆုမြတ်နွယ်အား လက်ဖြင့်တွန်းလှဲသည်ဆိုပြီး မဟုတ်မမှန်လုပ်ကြံ၍လုပ်သက်သေ များနှင့် လီဆယ်၍အမှူပြန်ဖွင့်ခဲ့ပါသည်။ တပ်ကြပ်ကြီး ပြည့်စုံဦးသည်ယာဉ်ထိန်းတပ်ဖွဲ့တွင် အသောက် အစားကင်းပြီး လိမ်မာသောတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ယာဉ်ထိန်းဌာန တာဝန်ရှိသူ တစ်ဦးမှ ပြောပြ သိရသည်။

Golden Peafowl

 Photo

No comments:

Post a Comment