Thursday, January 9, 2014

မြေတူးဖော်ရေးလုပ်ငန်းခွင်အတွင်း မြေပြိုကျပိမိ၍ ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ ----------------------------- နေပြည်တော်၊ ဇန်နဝါရီလ ၈

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျောက်ကုန်းရွာအနီးရှိ “မင်းဒင်”မြေတူးဖော်ရေးလုပ်ငန်းခွင်တွင်ထန်းတပင်မြို့နယ်၊ ကျောက်ကုန်းရွာနေ ဇော်မင်းနိုင်(၄၁)နှစ်ပါ ၂ ဦးမှ အနက် ၁၂ ပေ၊ အကျယ် ၅၀ ပေခန့်ရှိ ကျင်းများ အတွင်း မြေတူးနေစဉ် မြေပြိုကျခဲ့သဖြင့် ရေကျော်ရွာနေ မင်းနိုင်(၃၀)နှစ်ပါ ၈ ဦးတို့မှ ကူညီတူးဖော်စဉ် ထပ်မံ၍မြေပြိုကျခဲ့သည်။

မြေပြိုကျမှုကြောင့် ဇော်မင်းနိုင်၊ မင်းနိုင်နှင့် တစ်ရွာတည်းနေ ဇော်ဦး(၄၀)နှစ်တို့ ၃ ဦး မြေပိသေဆုံးခဲ့ပြီး ကျောက်ကုန်းရွာနေ ဝေယံစိုး(၂၀)နှစ်ပါ ကျား ၃ ဦး၊ မ ၄ ဦး၊ စုစုပေါင်း (၇)ဦးတို့တွင် ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ တင်ပို့ကုသ ခဲ့ကြောင်းနှင့် သေဆုံးသူများ၏အလောင်းအား ကျောက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးသည့်အဖွဲ့မှ ဆက်လက် တူးဖော်ရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။

ကြေးမုံ

No comments:

Post a Comment