Thursday, January 9, 2014

သက်ဆိုင်ရာများ မှ လိုအပ်သလို ကွင်းဆင်းလေ့လာပြီး အရေးယူဆောင်ရွက်ပေးပါရန် အသနားခံ တင်ပြခြင်း Myit Thapyay on Facebook (ပေးစာ)

နိုင်ငံတော်မှ တောင်သူများသို့ ထုတ်ပေးသည့် စိုက်ပျိုးစရိတ်
ကြိုတင်ထုတ်ချေးငွေများအား ဥက္ကံ(ရွာမ)၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး-
ဦးဝင်းဇော်မှ အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ငွေကြေးအလွဲသုံးစား
ပြုလုပ်ထားရှိကြောင်း ဒေသခံတောင်သူများမှ ပြောဆိုနေကြသည်ကို သိရှိရပါသည်-
၁။ သက်ဆိုင်ရာ တောင်သူများအား ချေးငွေဧကပြည့်မပေးဘဲ
အကြောင်းအမျိုးမျိုးပြ ခေါင်းပုံဖြတ်ခြင်း။
၂။ ၀ယ်/ရောင်းလုပ်ပြီးသော လယ်မြေများသည် မူလပိုင်ရှင်နှင့် နောက်ဝယ်ပိုင်ရှင်
ကွဲလွဲမှုကို အခြေခံ၍ စာရင်းနှစ်မျိုးပြုစုကာ ချေးငွေထုတ်ယူခြင်း။
၃။ တချို့တောင်သူများသည် ချေးငွေထုတ်ယူခြင်းမရှိသည်ကို အခွင့်ကောင်းယူကာ
အဆိုပါ တောင်သူများအမည်ဖြင့် ချေးငွေထုတ်ယူပြီး ကိုယ်ကျိုးသုံးစွဲခြင်း။
၎။ ရင်းနှီးကျွမ်းဝင်/စိတ်ချရယူများကို အခြေခံကာ ချေးငွေထုတ်ယူခြင်း။

အလွဲသုံးစားပြုလုပ်သည့် ငွေကြေးပမာဏမှာ ကျပ်ငွေ သိန်း(၅၀)ခန့်
ဖြစ်ကြောင်း။( ပိုချင်လည်းပိုနိုင်ကြောင်း၊ လျှော့ချင်လည်း လျှော့နိုင်ကြောင်း )နှင့်
ဒေသခံတောင်သူများအနေဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်သည်
ဒေသခံသက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ရင်းနှီးကျွမ်းဝင်သည့်အတွက်
ပြောဆိုတင်ပြရဲခြင်းမရှိကြောင်း သတင်းရရှိပါသည်။

 Photo: သက်ဆိုင်ရာများ မှ လိုအပ်သလို ကွင်းဆင်းလေ့လာပြီး
အရေးယူဆောင်ရွက်ပေးပါရန် အသနားခံ တင်ပြခြင်း-

No comments:

Post a Comment