Friday, January 3, 2014

* မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ဒေါ်အောင်ဆန်းစုကြည်အမြင် *

မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်နိုင်ရေး အတွက် ၂ဝ၁၅ တက်လာမယ့်အစိုးရနဲ့ ညှိနိုင်းမယ်လို့ တရုတ် ကုမ္ပဏီက ဒီရက်ပိုင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရရင် အဲဒီလိုဆောင်ရွက်မှာလားလို့ မေးမြန်းခဲ့ရာမှာတော့ ညှိနှိုင်းရေးမှတပါး တခြားနည်းလမ်း မရှိဖူးလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုပါတယ်။
" မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလည်း၊ ဘာကြောင့်လည်းဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ၊ အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ၊ ဒီမြစ်ဆုံ စီမံကိန်းကို သဘောတူခဲ့တုံးကလည်း ဒီအစိုးရအဖွဲ့ဝင်တွေပဲ ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းကို ၅ နှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့်အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုးဖြစ်နေတာပေါ့ အဲ့ဒါတော့ အမကမကြိုက်ဘူး၊ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်၊ တာဝန်ယူနိုင်တဲ့ အရည်အချင်းရှိရမယ်"

( ဒေါ်အောင်ဆန်းစုကြည် )
Ref: RFA

No comments:

Post a Comment