ဇန်န၀ါရီ ၁၃ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ်-၂၇၂/၆ နှင့် ၂၇၂/၇ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့သည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် ဦးမြင့်ချိုသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၈၈ ခုနှစ်အထိ ဆောက်လုပ်ရေးဝန်ကြီးဖြစ်ခဲ့သည့် ဗိုလ်ချုပ်မြင့်လွင်၏ သားမက်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားပြုကာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၂ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ကြောင်း လမ်းမတော်မြို့နယ် အမှတ်-၅ ရပ်ကွက်မှ စုံစမ်းသိရှိရသည်။
““ယာဉ်တိုက်မှုဖြစ်တဲ့နေရာနားမှာပဲ ဂူသွင်းသင်္ဂြိုဟ်လိုက်တယ်”” ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
၎င်းလိုက်ပါလာသောယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် ကပ်တုံးများကို ၀င်ရောက်တိုက်မိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသော ကျန်နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။
ယာဉ်မောင်းထွန်းဇော်အား ပေပင်လေးအမြန်လမ်းရဲစခန်းမှ ယာဉ်ပြစ်မှုပုဒ်မ-၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။
သန်းဌေး
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရသည့်ယာဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်
No comments:
Post a Comment