မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်တောင်တွင်းကြီးမြို့နယ်---- ကျေးရွာတွင် ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မျာ ၈.၁.၂၀၁၄ ရက် နံနက် ၁၀ နာရီအချိန်ခန့် တောင်တွင်းကြီးမြို့မ
ရဲစခန်းပိုင် ရဲစခန်းအရှေ့မြောက်ဘက် ၆ မိုင် ခန့်အကွာ ---- ကျေးရွာတွင်
လူတစ်ဦးကြိုးဆွဲချသေဆုံးနေ ကြောင်း သတင်းအရခေတ္တစခန်း
မှူးရဲအုပ်စိုင်းထွန်းကျော်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည်သတ်သေ
ဦးသန်းဝင်းအောင်၊ ဦးစိုင်းစိုးဝင်း တို့နှင့် အတူသွားရောက်စစ်ဆေး
ရာသေဆုံးသူမှာ မောင် ---- ၁၃ နှစ်ဖြစ်ကြောင်း၊ ၎င်း၏ဘကြီး တော်စပ်သူဦး ----၏
(၄) ပင် နေအိမ်အလယ်ထုပ်တန်း၌ ကြိုး ဆွဲချသေဆုံးနေသည်ကို စစ်ဆေး
တွေ့ရှိရကြောင်း၊ သေဆုံးသူ၏ အဒေါ်ဖြစ်သူ၏ပြောပြချက် အရ မောင် -----မှာ ယခင်
ကလည်းကြိုးဆွဲချကြံစည်ဖူး ကြောင်း၊ တစ်ခါတစ်ရံစိတ်ဖောက် ပြန်လေ့ရှိကြောင်း၊
အခင်းမဖြစ် နံနက် ၉ နာရီ ၃၀ အချိန်ခန့်က က ဒေါ် ---- မှာ နေအိမ်အောက် ၌
အ၀တ်ဖွတ်နေစဉ်နေအိမ်ပေါ် မှ ဒုန်းဒုန်းဟုအသံကြား၍
တက်ရောက်ကြည့်ရှုရာမောင်--- အား နေအိမ်အလယ်ထုပ်တန်း၌
ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရကြောင်း ပြောပြသိရှိရ သည်ဆို၏။
ကြိုးဆွဲချသေဆုံးမှု နှင့် ပတ်သက်၍ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်စုံစမ်း
စစ်ဆေးနိုင်ရန် တောင်တွင်းကြီး မြို့မရဲစခန်းကသေမှုသေခင်းအမှတ် စဉ် ၁/၂၀၁၄
ဖြင့်ဆက်လက်စစ် ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။
No comments:
Post a Comment