Sunday, January 19, 2014

၂၀၁၃ တွင် Huawei ၏ အကြမ်းဖျင်းအမြတ်ငွေ ၄၀ ရာခိုင်နှုန်းမြင့်တက် ပေကျင်း၊ ဇန်န၀ါရီ ၁၅

Huawei ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်အတွက် အကြမ်းဖျင်းအမြတ်ငွေ ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ဖော်ပြောကြားထားသည်။

တရုတ်ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်သည့် Huawei ကုမ္ပဏီသည် ဆိုက်ဘာ ထောက်လှမ်းရေး စွပ်စွဲချက်များကြောင့် ၀င်ငွေတိုးတက်မှု လျော့ကျခဲ့ခြင်းကို တုံ့ပြန်ရန်အတွက် ဖွံ့ဖြိုးတိုးတက်လျက်ရှိ သော ဈေးကွက်များအတွင်း ၎င်းတို့၏ဆွဲဆောင်မှုကို ချဲ့ထွင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ယခုကဲ့သို့ အကျိုးအမြတ်များ တိုးမြင့်လာခြင်း ဖြစ်သည်။

ဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်ရာတွင် ကမ္ဘာ့နံပါတ်နှစ်အဆင့်ရှိသော Huawei ကုမ္ပဏီသည် ပြဿနာရပ်များနှင့် ရှုပ်ထွေးသောနှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ရပြီး ၎င်းနှစ်အတွင်း အမေရိကန်နှင့် သြစတြေးလျနိုင်ငံများတွင် ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိ network အခွင့်အလမ်းပေါင်းများ စွာ လက်လွတ်ခဲ့ရသလို ဆိုက်ဘာလုံခြုံရေးပြဿနာရပ်များနှင့်ပတ်သက်၍ ဗြိတိန်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကိုလည်း ခံခဲ့ရသည်။

Huawei ကုမ္ပဏီသည် အဆိုပါကိစ္စရပ်များအား တုံ့ပြန်နိုင်ရန်အတွက် ဖွံ့ဖြိုးဆဲဈေးကွက်များအတွင်း ၎င်းတို့၏မျှော်မှန်းချက်များကို ထားရှိခဲ့ကြသည်။ ကုမ္ပဏီ၏ စီးပွားရေးဈေးကွက်သည် ဥရောပတွင်ရှိပြီး အဆိုပါနေရာတွင်ပင် ၎င်းတို့၏ 4G မိုဘိုင်း networkတည်ဆောက်မှုကို ဦးဆောင်ထားသည်။

Huawei ကုမ္ပဏီသည် တရုတ်အစိုးရနှင့်ပတ်သက်ဆက်နွှယ်မှုများကို ထောက်လှမ်းခြင်းမရှိကြောင်း ဇန်န၀ါရီ ၁၅ ရက်က ထုတ်ပြန်သော ၂၀၁၃ ခုနှစ် ကုမ္ပဏီ၏အကြမ်းဖျင်းအကျိုးအမြတ်ထုတ်ပြန်ချက် တွင် ထပ်လောင်းပြောကြားထားသည်။

၂၀၁၃ ခုနှစ်တွင် Huawei ကုမ္ပဏီ၏စာရင်း မစစ်ရသေးသော အကျိုးအမြတ်သည် ယွမ်ငွေ ၂၈ ဒသမ ၆ ဘီလီယံမှ ၂၉ ဒသမ ၄ ဘီလီယံ(ဒေါ်လာ ၄ ဒသမ ၈၇ ဘီလီယံ) ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ၂၀၁၂ ခုနှစ်တွင်ရရှိသော စာရင်းစစ်ပြီး အကျိုးအမြတ် ယွမ်ငွေ ၁၉ ဒသမ ၉၆ ဘီလီယံနှင့် နှိုင်းစာလျှင် ၄၃ ဒသမ ၃ ရာခိုင်နှုန်းတိုးမြင့်လာသည်ကို တွေ့ရသည်။

ဖော်ပြပါနှိုင်းယှဉ်ချက်အရ Huawei ကုမ္ပဏီ၏၀င်ငွေသည် ယွမ်ငွေ ၂၃၈ ဘီလီယံမှ ၂၄၀ ဘီလီယံ အထိအောင် ရောက်ရှိခဲ့ပြီး ၁၀ ရာခိုင်နှုန်းအထိတိုးရန် ရည်မှန်းထားမှုနှင့် နှိုင်းယှဉ်ပါက ရှစ်ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကုမ္ပဏီက ပြောကြားထားသည်။

Huawei ကုမ္ပဏီသည် ဆက်သွယ်ရေးပစ္စည်းအရောင်းဈေးကွက်တွင် ဆွီဒင်မှ Ericsson ကုမ္ပဏီ၏ နောက်တွင်ရှိနေပြီး ကုမ္ပဏီအနေဖြင့် ယခင်နှစ်အတွက် စာရင်းစစ်ပြီးသားဘဏ္ဍာရေးဆိုင်ရာ အကျိုး အမြတ်များကို ယခုနှစ်၏ ဒုတိယသုံးလပတ်တွင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

Huawei ကုမ္ပဏီကို ၁၉၈၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆက်သွယ်ရေးပစ္စည်းအပိုင်းကဏ္ဍတွင် Cisco Systems Inc, Alcatel- Lucent SA, Nokia Siemens Networks နှင့် ZTE Corp တို့ကဲ့သို့သော ပြိုင် ဘက်ကုမ္ပဏီများကို အသာစီးရယူကာ အရောင်းဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့်နေရာယူနိုင်သည့် အတွက် လူသိများကျော်ကြားသည်။

Huawei ကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းရောင်းချမှုနှုန်းသည် ယမန်နှစ်က သန်းပေါင်း ၅၂ သန်း အထိအောင် ရောက်ရှိခဲ့ပြီး၂၀၁၃ ခုနှစ်၏ တတိယသုံးလပတ်တွင် ကမ္ဘာ့တတိယအကြီးမားဆုံးစမတ်ဖုန်း ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်လာခဲ့သည်ဟုမဟာဗျူဟာမြောက်အသေးစိတ်လေ့လာဆန်းစစ်ချက်များအရ သိရသည်။

  Credit To : Mizzima - News in Burmese

No comments:

Post a Comment