Thursday, January 9, 2014

အိမ်ရှေ့တွင် ဆူညံနေသဖြင့် ထွက်ပြောရာမှ အထိုးခံခဲ့ရ Wednesday, January 8, 2014

အိမ်ရှေ့တွင် ဆူညံနေသဖြင့် ထိုသို့ မလုပ်ရန် ထွက်ပြောရာမှ အထိုးခံရသဖြင့် ရဲစခန်းသို့ တိုင်တန်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ဦးညိုဝင်း
အောင်သည် မ-၁၉၆၊ လေဆိပ်လမ်း (၅)ရပ်ကွက်၊ မရမ်းကုန်း
မြို့နယ်ရှိ သူ၏အိမ်ရှေ့၌ စနိုးဝှိုက်အထည်ချုပ်စက်ရုံမှ ကျွန်တိန်နာ ယာဉ်တစ်စီး ရပ်နေပြီး ယာဉ်ပေါ်၌ ပါလာသူများမှ ဆူညီနေ၍ ဦးညိုဝင်းအောင်က မိခင် နေမကောင်းသဖြင့် ဆူညံခြင်း မပြု
လုပ်ရန် သွားရောက်ပြောဆိုရာ ကွန်တိန်နာယာဉ်ပေါ်တွင် ပါလာသူများအနက်မှ ပိုင်စိုးသူ နိုင်ခြားသား တစ်ဦးပါ ကျား
(၄)ဦး မ (၂)ဦး ပေါင်း (၆)ဦးတို့က မကြားဝံ့ မနာသာ ဆဲဆို၍
“ငါတို့ အလုပ်ရှင်က သူဌေးကွ မင်းတို့ရပ်ကွက်ကို မီးရှို့ ပစ်လို့ ရတယ်”ဟု ပြောဆိုခြိမ်းခြောက်ကာ ပိုင်စိုးသူမှ လက်သီးဖြင့် ထိုးနှက်ခဲ့သဖြင့် ဦးညိုဝင်းအောင်၏ ယာပါးတွင် ဖူးရောင် ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။

ဦးညိုဝင်းအောင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပိုစိုးသူပါ
(၆)ဦးအား မရမ်းကုန်းမြို့မ ရဲစခန်းမှ (ပ) ၆/၁၄ ပြစ်မှု ပုဒ်မ
၃၉၄/၃၂၃/၅၀၅/၁၁၄ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိသည်။

ဝေဖြိုး
People power

No comments:

Post a Comment