Friday, January 3, 2014

ကျောက်တင်သင်္ဘော ဂက်စ်အိုးပေါက်ကွဲရာတွင် ပျောက်ဆုံးနေသည့် ခြောက်ဦးမှ ရုပ်အလောင်းနှစ်ဦး ပြန်တွေ့ Eleven Media Group

မန္တလေးမြို့ ချော်ဆိပ်ရှိ ကျောက်တင်သင်္ဘော ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားစဉ်က ပျောက်ဆုံးနေသည့် ခြောက်ဦးမှ နှစ်ဦး၏ အလောင်းကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီခွဲခန့်က သင်္ဘောများကြားနှင့် ရှမ်းလေးကျွန်းအနီးတွင် ပြန်တွေ့ရှိခဲ့ရကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ ပါသည်။

ပျောက်ဆုံးနေသည့် သင်္ဘောလုပ်သား ဇော်ဇော်အောင်ကို ဧရာဝတီမြစ် အတွင်းရှိ မြ၀တီမင်းကြီးသင်္ဘောနှင့် ကျောက်တင်သင်္ဘောတွဲကြားတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုဖြစ်ပွားသည့် သင်္ဘောနှင့် ပေ ၂၅၀ ခန့်ကွာတွင်ဖြစ်ကြောင်း၊ သင်္ဘောလုပ်သား နောက်တစ်ဦးဖြစ်သည့် အာနိုး(ခ)အောင်ကျော်ဦး၏အလောင်းကို ယင်းနေ့ နေ့လယ် ၁ နာရီခွဲခန့်အချိန်တွင် ရှမ်းလေးကျွန်း အနီးမှတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

“သင်္ဘော ကနဦးပေါက်ကွဲမှု ဖြစ်စဉ်မှာ ပေါက်ကွဲအားကပြင်းလွန်းလို့ ပေ ၃၀၀ လောက်အထိ လွင့်သွားတဲ့သူတွေ ရေပြန်ကူးပြီး ကမ်းကိုပြန်လာနိုင်လို့ တော်သေးတယ်။ ငါးရက်အတွင်း တောက်လျှောက် ရှာတာတောင် ခုမှနှစ်ဦးပဲ တွေ့သေးတယ်။တာဝန်ရှိသူတွေရော မိသားစုဝင်တွေရော ရေငုပ်သမားတွေနဲ့ ရှာနေပါတယ်။ ရေကျချိန်ဖြစ်လို့ သဲတွေနဲ့ကိုင်းတွေ အောက်ရောက်နေနိုင်တာမို့ ရှာဖွေရတာ ခက်ခဲပါတယ်” ဟု ဒုတိယရဲမှူးကြီးဇော်မင်းဦးက ဆိုသည်။

အဆိုပါ သင်္ဘော ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်းနှင့် လေးဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

No comments:

Post a Comment