Friday, January 3, 2014

အနုပညာရှင်များမူးယစ်ဆေးသုံးစွဲသည့်သတင်းများ Internet သို့ မရောက်မီက ရုပ်ရှင်အနုပညာရှင် များကို Online မှတစ်ဆင့် ငွေညှစ်တောင်းဆိုမှုများရှိခဲ့ ဇန်န၀ါရီ(၁) ၂၀၁၄


အနုပညာရှင်များနှင့် ယခင်အစိုးရအကြီးအကဲအချို့၏ သားသမီးများ မူးယစ်ဆေးဝါးသုံးစွဲသည့် သတင်းများ Internet, Facebook, Social Network များတွင် မပျံ့နှံ့မှီရက်ပိုင်းအလို၌ သက်ဆိုင်ရာ အနုပညာရှင်များ ထံသို့ Online မှငွေညှစ် တောင်းဆိုမှုများရှိခဲ့ကြောင်း ၎င်းအနုပညာရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။
မူယစ်ဆေးဝါးကိစ္စတွင် ပါဝင်သည်ဟု သတင်းထွက်ပေါ်နေသော အကယ်ဒမီမင်းသမီးကြီး တစ်ဦးနှင့် နီးစပ်သူ အလှဖန်တီးရှင်တစ်ဦးမှ ``Internet မှာ အဲဒီ သတင်းတွေတက်မလာခင် တစ်ပတ်လောက်က Online ကနေတစ်ဆင့် ငွေညှစ်သေးတယ်။ ငွေညှစ်တဲ့သူက သူ့လက်ထဲမှာမင်းသမီး စိတ်ကြွဆေး သုံးစွဲတာနဲ့ပတ်သက်ပြီး အချက်အလက်မှတ်တမ်းတွေ ရှိတယ်။ အဲဒီလျှို့ဝှက် အချက်အလက် မှတ်တမ်းတွေကို Online ပေါ်မှာ မပျံ့စေချင်ရင် ငွေကျပ်သိန်း(၅၀၀)ပေးရမယ်လို့ တောင်းတယ်´´
``သဘောတူတယ်ဆိုရင် Facebook ကနေတစ်ဆင့် Message ပို့ပြီး ဆက်သွယ်ပါ။ တောင်းတဲ့ငွေ မပေးနိုင်ရင်တော့ တစ်ပတ်အတွင်း Online ပေါ်မှာ ဖွပစ်မယ်လို့ ပြောသွားတယ်။ အဲ့လိုငွေညှစ်တာကို နောက်တယ်လို့ဘဲ ထင်ခဲ့ကြတာ၊ ဒါ့ကြောင့် အကြောင်းမပြန်လိုက်ဘူး၊ အခုလို မိုးဇေညိမ်း Facebook မှာ ဓါတ်ပုံမှတ်တမ်းတွေ ပါလာတော့မှ တကယ်ငွေညှစ်မှန်းသိလိုက်တာ´´ ဟု ဆက်လက် ပြောကြားသွားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် မိုးဇေညိမ်း Facebook မှ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရန်ကုန်တိုင်း မူးယစ် အထူးအဖွဲ့ ၏ စစ်ဆေးခံရသော မင်းသမီးနှစ်ယောက်၏ စစ်ဆေးချက်မှတ်တမ်းများကို ဓါတ်ပုံနှင့်တကွ ဖော်ပြ ထားသည့် အပြင် မူးယစ်ဆေးသုံးစွဲသော သရုပ်ဆောင်၊ အဆိုတော်များ၏ အမည်စာရင်းကိုလည်း ဖော်ပြထားခြင်းကြောင့် Online ပေါ်တွင် အဆိုပါသတင်းများ ပျံ့နှံ့ခဲ့သည်။

Credit to - Hein Htet / မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ လျှို့ဝှက်သတင်းများ

No comments:

Post a Comment