Nokia ရဲ့  ပထမဆုံး Android OS သုံး စမတ်ဖုန်း ဓာတ်ပုံထွက်ရှိမှုဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် ဒုတိယမြောက် ဖြစ်ပါတယ်။
Windows Phone 8 OS ပလက်ဖောင်းမဟုတ်တော့ပဲ Android OS အပေါ် ခြေချတဲ့ Nokia ရဲ့  ပထမဆုံး
စမတ်ဖုန်း ဖြစ်ပါတယ်။ ဖုန်းရဲ့ အသွင်အပြင်အရ ဈေးသက်သာ Nokia Asha
ဖုန်းအပေါ်ပဲ ပြန်လည် အခြေခံ ထားကြောင်း သုံးသပ်ထားကြ ပါတယ်။
ထူးခြားချက်အနေနဲ့ သာမန် Android OS တွေမှာ မပါတဲ့ application တွေကို
ထည့်သွင်းပေး ထားခြင်း ဖြစ်ပါတယ်။ ပြီးတော့ Skype ကို Feature app
တစ်ခုအနေနဲ့ ထည့်သွင်းပေးထားပြီး Calendar နဲ့ Screen Notification
ဖော်ပြမှု တစ်မူထူးခြားကြောင်း ဆိုပါတယ်။ dual SIM အသုံးပြုနိုင်ပါတယ်။
ဝင်းဒိုးဖုန်း ထုတ်လုပ်နေရာကနေ Android ပေါ်ခြေချတာကြောင့် ဝင်းဒိုးဖုန်း
အငွေ့အသက်ပါတဲ့ Android OS သုံး စမတ်ဖုန်းကို ထိတွေ့ ခံစားရမှာမို့
စိတ်ဝင်စားသူ အင်မတန် များပြားနေပါတယ်။ Microsoft ရဲ့  လက်ထဲကို
အပြီးတိုင်း ပြောင်းလဲပြီးချိန်မှာ Nokia Android ဖုန်းထွက်မထွက်တော့
မသိနိုင်ပါဘူး။ လောလောဆယ်တော့ Nokia တို့ တကယ်ထုတ်လိုက်ပါပြီ။ ၂၀၁၄
နှစ်လယ်မတိုင်ခင် ဈေးကွက်မှာ မြင်တွေ့ရမယ့် စမတ်ဖုန်း ဖြစ်ကြောင်း
သိရပါတယ်။
.
Ref:pocketlint
အောင်ခမ်း ( ရိုးရာလေး )
No comments:
Post a Comment