ချင်းပြည်နယ် ခရီးစဉ်အတွင်း ချင်းလူထုနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဇာနည်မာန်/ ဧရာဝတီ
"ဟိုတယ်က ကြိုတင်ဘွတ်ကင် လုပ်ထားတာ ၊ ဟားခါး ရောက်မှ အခန်းမလုံလောက်ဘူး ဆိုပြီး ဖြစ် သွားတာ" တဲ့
ဒီသတင်းဟာ အွန်လိုင်းလောကကို အတော် ဆူသွားစေခဲ့တယ်။ တချို့က ကမ္ဘာနဲ့ မြန်မာအကြား ပေါင်းကူး ချိတ် ဆက်ပေးနေသူ၊ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ပနိုင်ငံ ခရီးစဉ်တွေ မှာတောင် ကောဇောနီခင်းပေးပြီး ကြိုဆိုခံရသူ၊ ချင်းပြည်နယ် လူထုရဲ့ သောင်းသောင်း ဖြဖြ ကြိုဆိုတာ ခံရသူ၊ ဒီလိုလူမျိုးကို ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲဆွယ်ခရီးစဉ်ဖြစ်တာကြောင့် အခုလို အခက်အခဲဖြစ်အောင် တမင် ရည်ရွယ်လုပ်တယ်လို့ စွပ်စွဲရေးသားနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တော်တော်များများမှာ အစိုးရပိုင်းက အဖက်ဖက်က အဆင်ပြေချောမွေ့အောင် စီစဉ်ပေးတာတွေ ရှိပေမယ့် တခါတရံ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရဲ့ တစုံတခုသော ညွှန်ကြားချက်တွေ
အရ အဆင်မပြေဖြစ်တတ်တာတွေ တွေ့ရလေ့ ရှိတယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတချို့က ပြောတယ်။
တချို့က ပြောတော့လည်း အခုလို ဖြစ်ခဲ့ရတာဟာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုတင် စီမံမှုမှာ တခုခု အားနည်း လို့ ဖြစ်မယ်လို့
အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/blog-post_2266.html#ixzz2prqGbtPJ
https://www.facebook.com/ibloggermm
No comments:
Post a Comment