Sunday, January 12, 2014

ဘုရားဖူးအယောင်ဆောင်ဘင်္ဂလီ(၅)ဦးအား အမ်းမြို့ တွင်ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် အမ်းမြို့  ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ ၈.၁.၂၀၁၄နေ့ ည ၁၁နာရီ
၃၀မိနစ်အချိန်တွင် စစ်တွေမြို့ ကနေ ထွက်ခွာလာသည့် ဘုရားဖူးယာဉ် အယောင်ဆောင် ယာဉ်အမှတ် MDY.CC.8463(probox) ကားပေါ်မှာ ဘင်္ဂလီလူမျိုး(၅)ဦး ဖမ်းဆီးရမိ ခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ စစ်ဆေးရေး ဂိတ်မှာ လ/ထ လဝကမှူး တင်မင်းလတ် ဦးဆောင်သော အဖွဲ့ မှ စစ်ဆေးရေး တာဝန်များ ထမ်းဆောင်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်။

ဘင်္ဂလီအဖွဲ့ ကို ဦးဆောင်ခေါ်ယူလာသူမှာ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး တပ်ကြပ်
လှမင်းဦး (၈/ရစက)(နိုင်) ၁၀၇၃၂၇ (ဘ) ဦးစံကင်းယာဉ်အမှတ်
MDY.CC.8463./probox ယာဉ်မောင်းဟန်လင်း(၇/ကဝန) (နိုင်) ၀၉၀၆၁၂ )
ကိုင်ဆောင် ထားသူတွေလို့  ဆိုပါတယ်။ ဖမ်းဆီးမိတဲ့ ဘင်္ဂါလီ (၅)ဦးမှာ
ကျား(၃)ဦး မ(၂)ဦး ဖြစ်ပြီး လူကုန်ကူးတဲ့ ဒရိုင်ဘာနှင့်ရဲအပါအဝင် စုစုပေါင်း
(၇)ဦးကို အမ်းမြို့ မှာ ဖမ်းဆီးထားကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါသည်။

 Photo

No comments:

Post a Comment