Thursday, January 9, 2014

မိုဘိုင်းဘဏ်စနစ်အတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအား ဖိတ်ခေါ်

စတင်အကောင်အထည် ဖော်လိုက်သည့် မိုဘိုင်းဘဏ်စနစ် (Mobile Banking) ဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအား ဖိတ်ခေါ်ထားကြောင်း သမဝါယမဘဏ်မှ သိရသည်။

သမဝါယမဘဏ် (CB Bank) အနေဖြင့် အနယ်နယ်အရပ်ရပ်တွင် Agent များ ထားရှိရန် စီစဉ်ထားကြောင်း၊ ကိုယ်စားလှယ် (Agent) အဖြစ် ဆောင်ရွက်လိုသူများအနေဖြင့် နီးစပ်ရာ သမဝါယမ ဘဏ်ခွဲများတွင် ဆက်သွယ်နိုင်ကြောင်း သိရသည်။ ဆောင်ရွက်လိုသူအနေဖြင့် ဆိုင်ခန်းတစ်ခန်း ရှိရမည်ဖြစ်သည်။ အဆိုပါ ဆိုင်ခန်းရှိရုံဖြင့် သမဝါမဘဏ် (CB Bank) \ Easi Mobile Agent (ကိုယ်စားလှယ်) အဖြစ် လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သမဝါယမဘဏ်အနေဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လို သူများအား ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/10410

No comments:

Post a Comment