Tuesday, July 30, 2013

မြန်မာ့ ပျူမြို့ဟောင်း ၃ မြို့ အရှေ့တောင်အာရှတွင် အကြီးဆုံးမြို့တော် ဟောင်းကြီးများဖြစ်သည်ဟု အင်္ဂလန် က ရှေးဟောင်းသုတေသန ပါမောက္ခပြောကြား(30.7.2013, Tuesday)

ပျူမြို့ဟောင်း ၃ မြို့သည် အရှေ့တောင်အာရှ မှာ အကြီးဆုံးမြို့ဟောင်းကြီး
များဖြစ်ကြောင်း မြန်မာ့ ပျူမြို့ဟောင်း များကို လေးလကြာ လာရောက်လေ့
လာခဲ့ကြရာ SOAS University of London မှ ရှေးဟောင်း သုတေသန
ါမောက္ခ ပညာရှင်တစ်ဦးဖြစ်သည်။ သူ၏ လေ့လာတွေ့ရှိချက်အရ
ပျူမြို့ဟောင်း၃ မြို့သည် အရှေ့တောင်အာရှတွင် အကြီးဆုံးမြို့ဟောင်း
ကြီးများအဖြစ် UNESCO မှ သတ်မှတ်သော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်
စာရင်းဝင်ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြောင်းသိရသည်။ "ပျူမြို့ဟောင်းဟာ
အရှေ့တောင်အာရှမှာ အကြီးဆုံးမြို့ဟောင်းနဲ့ စိတ်ဝင်စားစရာအကောင်း
ဆုံးနေရာလို့မြင်ပါတယ်။ မြို့ဟောင်း ၃ မြို့စလုံးက တစ်နေရာ တည်းမှာ
မရှိဘဲ တစ်မြို့စီမှာတည်ရှိနေပါတယ်။ အဲဒီမြို့ဟောင်းတွေက တစ်ချိန်ချိန်မှာ
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နိုင်တယ်လို့ထင်ပါတယ်’’ဟု အရှေ့တောင်
အာရှအနုပညာနှင့် ရှေးဟောင်းသုတေသန ပညာရှင် အင်္ဂလန်နိုင်ငံ SOAS
University of London မှ ရှေးဟောင်းသုတေသန ပါမောက္ခ Miss
Elizabeth H Moore က ပြောကြားခဲ့သည်။ သုတေသနပြုလုပ်ငန်းများ
သည် ချောချောမွေ့မွေ့ ဖြစ်နေကြောင်းသိရပြီး ပျူမြို့ဟောင်းများကို
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ကို ယဉ်ကျေးမှုဝန်ကြီး
ဋ္ဌာနမှ ဆောင်ရွက်နေကြောင်း သိရသည်။

Myawady News

No comments:

Post a Comment