မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မူလက ထုတ်ပြန်ရာတွင် Sea Me We 3 အင်တာနက်ဆက်ကြောင်း မှာ ရေအောက်တွင် ပြတ်တောက်နေသည်ဟု ယူဆခဲ့သော်လည်း စစ်ဆေးမှုများအရ ကုန်းတွင်းတွင် တွေ့ရှိရသောကြောင့် ပြင်ဆင်မှုများကို ဇူလိုင်စတုတ္ထပတ်အတွင်းက စတင်ခဲ့သည်။ ပြင်ဆင်မှုသည် နှစ်ပတ်ခန့်ကြာ မြင့်ဖွယ်ရှိပြီး ပြင်ဆင်ပြီးနောက် အင်တာနက်မြန်နှုန်း ပြန်လည်မြင့်တက်လာပါက ပင် လယ်ရေအောက်ကေဘယ်လ်ဆက်ကြောင်းကို
ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ ဖျာပုံနားမှာရှိတဲ့ ကုန်းတွင်းပိုင်းအင်တာနက်ဆက်ကြေ
ကုန်းတွင်းအင်တာနက်ကေဘယ်လ်ဆက်ြေ
၎င်းက ဆက်လက်၍ “ပြည်တွင်းက အင်ဂျင်နီယာအဖွဲ့တွေနဲ့ ကုန်းတွင်းဆက်ကြောင်း ပြင်ဆင်နေ တယ်။ စင်ကာပူက SEA ME WE-3 ကေဘယ်လ်ပြုပြင်ရေးအဖွဲ့ကတော့ မလာသေးဘူး။ စောင့်ကြည့် နေတယ်။ ကုန်းတွင်းဆက်ကြောင်း ပြင်ဆင်စမ်းသပ်ပြီးလို့ မကောင်းသေးဘူးဆိုမှ အဲဒီအဖွဲ့ကနေလာပြီး ရေအောက်ဆက်ကြောင်းကို ထပ်မံစစ်ဆေးမှု ပြုလုပ်မှာပါ”ဟု ပြောသည်။
အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက်လိုင်း နှေးကွေးမှုများ ဖြစ်ပေါ်နေပြီး အင်တာနက် အဓိကထား အသုံးပြုနေသည့် အိုင်တီကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများမှာလည်း အခက်အခဲ များရှိနေသည်ဟု ဆိုကြသည်။
ပြည်တွင်းတွင် SEA ME WE-3 ရေအောက်အင်တာနက်ဆက်ကြောင်းကို အဓိကသုံးစွဲနေရပြီး ယင်း ဆက်ကြောင်းကို အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက ချိတ် ဆက်အသုံးပြုနေသည်။ မြန်မာနိုင်ငံအနေဖြင့် SEA ME WE-3 ရေအောက်ကေဘယ်လ်ဆက်ကြောင်း အပြင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ြေ
ထို့ပြင် SEA ME WE-3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်မှုများ ဖြစ်ပွားပါက အသုံးပြုနိုင်ရန် အတွက်လည်း SEA ME WE-5 အင်တာနက်ဆက်ကြောင်းကို ချိတ်ဆက်ရန် ညှိနှိုင်းဆွေးနွေးမှုများပြု လုပ်နေသည်။
No comments:
Post a Comment