Thursday, July 25, 2013

၁၉၉၁ ခုနှစ် ယခင်စစ်အစိုးရ လက်ထက်က ဖယ်ရှားခံခဲ့ရသည့် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်များက ခြောက်ကြိမ်မြောက် ဆန္ဒပြမှုကို ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လူအင်အား ၄၀၀ ခန့်ဖြင့် ပြ

၁၉၉၁ ခုနှစ် ယခင်စစ်အစိုးရ လက်ထက်က ဖယ်ရှားခံခဲ့ရသည့် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်များက ခြောက်ကြိမ်မြောက် ဆန္ဒပြမှုကို ဇူလိုင် ၂၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လူအင်အား ၄၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြသည်။

၁၉၉၁ ခုနှစ်တွင် တပ်မ ၂၂ စစ်ဒေသ (၂)မှ အရာရှိ အချို့၊ စစ်ထောက်လှမ်းရေး အချို့နှင့် မြို့နယ်ငြိမ်ဝပ် ပိပြားရေး အဖွဲ့တို့က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ တွင် နေထိုင်သူများကို ယင်းမြေပေါ်မှ ဖယ်ရှားခဲ့ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ အေးမြသာယာ၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်းစသည့် ယခင်လူနေကျဲသည့် နေရာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။

''ကျွန်တော်တို့ မိကျောင်းကန် ပြည်သူတွေ အခုလို ဆန္ဒဆက်တိုက် ဖော်ထုတ်ရတာဟာ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေဟာ ဘိုးဘွားပိုင်မြေပါ။ တပ်ပိုင်မြေ မဟုတ်ဘူးဆိုတာ အများပြည်သူ သိစေချင်ပါတယ်။ အခု ဒီမြေဟာ ရေနံ၊ သဘာဝတွင်းထွက် ပစ္စည်းတွေ ထွက်တဲ့မြေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘိုးဘွားပိုင် မြေဆိုတာ ပိုင်ဆိုင်မှု အထောက်အထားတွေ ရှိပါတယ်။ နိုင်ငံတော်အတွက် အမှန်တကယ် အသုံးမ၀င်တဲ့ မြေနေရာဖြစ်တဲ့ မိကျောင်းကန် အပိုင်း ၁၊၂၊၃ မြေကို ပြည်သူတွေကို ပြန်လည်ပေးစေ လိုပါတယ်'' ဟု ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဆိုသည်။


ထို့အပြင် ဖယ်ရှားခံရသော ပြည်သူများ အနေဖြင့် ၎င်းတို့နစ်နာ ဆုံးရှုံးမှုများအား ဒီမိုကရေစီ အစိုးရကို ဆန္ဒပြ တောင်းဆိုခဲ့သော်လည်း ပုဒ်မ ၁၈ ဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှ ပြည်သူအချို့မှာ တရားစွဲဆိုခြင်း ခံထားရကြောင်း ၎င်းက ထပ်မံပြောကြားသည်။

တပ်မတော် အရာရှိကြီးများနှင့် ခရိုနီ အချို့သည် လက်ရှိအချိန်တွင် မိကျောင်းကန် အပိုင်း (၃)တွင် တိုက်တာ အဆောက်အအုံများ ဆောက်လုပ် နေထိုင်နေကြကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment