Thursday, July 25, 2013

ရခိုင်ဒုက္ခသည်စခန်း အဟောင်းများကို လေလံတင်ဒါဖြင့် ရောင်းချ သွားရန်ရှိဟုဆို Friday, July 26, 2013

စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်း အဟောင်းများတွင် ဒုက္ခသည်များ မရှိတော့သဖြင့် မကြာမီ ရက်ပိုင်းအတွင်း ဒုက္ခသည် စခန်းဟောင်းများကို
လေလံတင် ရောင်းချသွား မည် ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

ယင်းဒုက္ခသည် စခန်းများမှာ ရဲနွယ်စု စခန်း၊ ဘောလုံးကွင်းစခန်း၊ မင်းဂံစခန်း၊ ဒုံးတိုက်ကွင်း စခန်းများနှင့် တိုးချဲ့စခန်းများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းများမှ ဒုက္ခသည်များသည် ယခုခါတွင် မင်းဒြားချိတ်တွင်
ဆောက်လုပ် ပေးထားသောလုံးချင်းနေအိမ်များသို့ ရောက်ရှိသွားပြီ ဖြစ်
ကြောင်း၊ယင်းအတွက် ဒုက္ခသည် စခန်းဟောင်းများအား ထိုသို့ရောင်းချရန် စီစဉ်ထားကြောင်းလည်း သိရသည်။

စစ်တွေမြို့နယ်တွင်း ကယ်ဆယ်ရေး စခန်းများတွင် ရခိုင်တိုင်းရင်းသား လူနည်းစုများသာ လုံးချင်းနေအိမ်များသို့ ရောက်ရှိနေသေးပြီး ဘင်္ဂါလီများ အနေဖြင့် အများစုမှာ အိမ်ခန်းများသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း၊ သို့သော်
လည်း စခန်းဆောက်လုပ်ခြင်းများကို အနှောင့်အယှက် ပေးနေခြင်း
များကြောင့် တချို့သော ဘင်္ဂါလီဒုက္ခသည်များ အနေဖြင့် အမိုးအကာအောက်သို့ မရောက်ရှိ သေးသော်လည်း ဇူလိုင်လကုန်တွင် အပြီးသတ် အမိုးအကာအောက်သို့ ရောက်ရှိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ၀န်ကြီး ဦးမြအောင်က ''စခန်းဟောင်းတွေကို
ရောင်းမှာတော့ ဟုတ်တယ်။ အခုလောလောဆယ်တော့ ဆုံးဖြတ်ချက် မချရသေးဘူး။ ဒါကြောင့် ဘယ်နေ့ရောင်းမယ် ဆိုတာ မသိသေးဘူး'' ဟု ပြောကြားသည်။ လက်ရှိအနေအထားတွင် ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရှိနိုင်ရေးနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့မှ အပူတပြင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဘင်္ဂါလီများ၏ လူဦးရေစာရင်းကို ကောက်ခံသွားရန် ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment