Tuesday, July 30, 2013

မနေ့က Max ဆီဆိုင်နှင့် ပတ်သက်သည့် ပိုစ်အတွက် https://www.facebook.com/maxenergymyanmar မှာ အောက်ပါအတိုင်း ဖြေရှင်းထားပါသည်။

Customer များသို့ ပန်ကြားချက်

၂၈.၇.၂၀၁၃ ရက်နေ့ တနင်္ဂနွေည ၉နာရီခွဲခန့်တွင် Max Energy ၏ သုဝဏ္ဏ စက်သုံးဆီအရောင်းဆိုင်၌ AA6439 ကား ဆီလာထည့်စဉ် နားလည်မှုလွဲပြီး Customer ထံမှ ဆီဖိုးငွေ ထပ်တောင်းခံမှု ဖြစ်ပွားခဲ့ပါသည်။ Customer မှ Complaint တက်ချိန်တွင် Assistant Manager က ချက်ချင်းအရောင်းရပ်၍ ရောင်းရငွေများနှင့် တိုက်ဆိုင် စစ်ဆေးပြီး ငွေကွာမှု မရှိသည်ကို သိရှိရသည်နှင့် ချက်ချင်း Customer ထံမှ ထပ်တောင်းထားငွေကို ပြန်လည်ပေးအပ်ခဲ့ပြီး အနူးအညွှတ် တောင်းပန် ဖြေရှင်းပေးခဲ့ပါသည်။

ညတွင်းချင်း Customer Complaint Manager ထံသို့ Complaint ထပ်တက်သဖြင့် ဆိုင်မှာ ဖြစ်ပျက်ခဲ့သည့် အခြေအနေကို အချိန်နှင့် တပြေးညီ စုံစမ်းပြီး Customer အား ဆိုင်ဘက်မှ နားလည်မှုလွဲမှားခဲ့သည် ကို တောင်းပန်ခဲ့ပါသည်။ ည အဆိုင်း ပြီးဆုံး၍ တာဝန်လဲလှယ်ပြီး အိမ်သို့ ပြန်သွားသော ဝန်ထမ်း နှစ်ဦးကိုလဲ နံနက်ပိုင်းတွင် AA6439 Customer ထံသို့ ဖုန်းဆက် တောင်းပန်စေခဲ့ပြီး ဖြစ်ပါသည်။ Max Energy ၏ General Manager မှလည်း Customer ဖြစ်သူအား ကျေနပ်သည်အထိ ဖုန်းဆက်၍ တောင်းပန်ပြီး ဖြစ်ပါသည်။ ကုမ္ပဏီ အနေဖြင့် ဖြစ်စဉ်မှာ ပါဝင်သော ပေါ့လျော့သည့် ဝန်ထမ်း နှစ်ဦးနှင့် တာဝန်ရှိသူများအား မဖြစ်မနေ အရေးယူသွားမည် ဖြစ်ကြောင်း နောက်နောင်ကို အလားတူဖြစ်ရပ်မျိုး၊ မိမိတို့ ဘက်မှ ထိုကဲ့သို့ နားလည်မှုလွဲမှားမှုမျိုး နောက်ထပ် မဖြစ်စေရန် အထူးသတိပြု ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Max Energy ၏ စက်သုံးဆီဆိုင် အသီးသီးတွင် အချိန်အတွယ် အရည်အသွေး မှန်ကန်မှုကြောင့် ယခုထက်တိုင် ဝယ်ယူအားပေးနေသော Customer များကိုလည်း ဆိုင်တစ်ဆိုင်၏ ဝန်ဆောင်မှု အားနည်းမှုကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားအောင် ကုမ္ပဏီမှ အထူးဂရုစိုက် ကြပ်မတ် ဆောင်ရွက် ပေးသွားမည့် အကြောင်း ရှင်းလင်း တင်ပြအပ်ပါသည်။

Max Energy စက်သုံးဆီဆိုင်များနှင့် ပတ်သက်၍ ဝေဖန်အကြံပြုချက်များကို ဖိတ်ခေါ်အပ်ပါသည်။

No comments:

Post a Comment