Thursday, July 25, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်အရ သတ္တုတွင်း ပိတ်သိမ်းပြီးနောက် ပြန်လည် ထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ၀မ်ပေါင်ကုမ္ပဏီက နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်သန်းကို ဘဏ်သို့ ထည့်သွင်းရမည် Friday, July 26, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်သစ်အရ သတ္တုတွင်း ပိတ်သိမ်းပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် ၀မ်ပေါင်ကုမ္ပဏီက နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်သန်းကို ဘဏ်သို့ ထည့်သွင်းရမည်ဟု သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်အောင်က ဇူလိုင် ၂၅ ရက်တွင် ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော မူလစာချုပ်ဟောင်းတွင် သတ္တုတွင်း ပြန်လည် အပ်နှံရေးနှင့် သတ္တုတွင်း ပိတ်သိမ်းရေး ကိစ္စများကို တိတိကျကျ ဖော်ပြထားခြင်း မရှိဘဲ ယေဘုယျ အားဖြင့်သာ ဖော်ပြထားကြောင်း၊ ပြင်ဆင်သည့် စာချုပ်အရ ပြန်လည် ထူထောင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ၀မ်ပေါင် ကုမ္ပဏီက နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်သန်းကို မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (သို့မဟုတ်) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တွင် Escrow Account ဖွင့်၍ ထည့်သွင်းသုံးစွဲ သွားမည်ဖြစ်ကြောင်း
ဒေါက်တာမြင့်အောင်က ပြောကြားသည်။

ထို့ပြင် သတ္တုတွင်း ၀န်ကြီးဌာနသည် နိုင်ငံတော်အတွက် လက်မှတ်ရေးထိုးမှု ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ငါးသန်းကို မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ ရရှိမည်ဖြစ်ကြောင်း သိရသည်။

လူမှုရေး တာဝန်ယူမှု CSR လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်
ရွက်ခြင်းအတွက် သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းများ မစတင်မီ တည်ဆောက်ရေး ကာလတွင် ၀မ်ပေါင်ကုမ္ပဏီက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာတစ်သန်း ထည့်ဝင်ရမည်ဖြစ်ပြီး ထုတ်လုပ်မှု လုပ်ငန်းများ စတင်လည်ပတ်ချိန်မှ စတင်ကာ စာချုပ်ဝင်များက နှစ်စဉ် အသားတင် အမြတ်၏ နှစ်ရာခိုင်နှုန်းအား CSR လုပ်ငန်းများအတွက် အချိုးကျ ထည့်ဝင်သုံးစွဲ ရမည်ဟု ဒေါက်တာမြင့်အောင်က ဆက်လက်ပြောကြားသည်။

သတ္တုတွင်း ၀န်ကြီးဌာန၊ မြန်မာစီးပွားရေးဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ပါဝင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်း သဘောတူ စာချုပ်ကို ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်၌ ချုပ်ဆိုခဲ့ကြောင်း သိရသည်။
eleven media group

No comments:

Post a Comment