Thursday, July 25, 2013

စစ်တွေမြို့နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများ ဆောက်လုပ်ရာတွင် ကန်ထရိုက်ပေး ဆောက်လုပ်ခြင်းအား အရည်အသွေး စစ်ဆေးရေးအဖွဲ့ Quality Control (Q.C) မှ အဖွဲ့ဝင် အချို့အား ဘင်္ဂါလီများက အုပ်စုဖွဲ့ သတ်ပုတ် ရိုက်နှက်ခြင်းအပေါ် အမှုဖွင့် အရေးယူ ထားသော်လည်း တရားခံများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း

စစ်တွေမြို့နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများ ဆောက်လုပ်ရာတွင် ကန်ထရိုက်ပေး ဆောက်လုပ်ခြင်းအား အရည်အသွေး စစ်ဆေးရေးအဖွဲ့ Quality Control (Q.C) မှ အဖွဲ့ဝင် အချို့အား ဘင်္ဂါလီများက အုပ်စုဖွဲ့ သတ်ပုတ် ရိုက်နှက်ခြင်းအပေါ် အမှုဖွင့် အရေးယူ ထားသော်လည်း တရားခံများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက်က စစ်တွေခရိုင် အင်ဂျင်နီယာမှူး ဦးကိုကိုအောင် ဦးစီးသော (၁၄) ဦးပါ အဖွဲ့သည် မော်တော်ယာဉ် နှစ်စီးဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ စစ်တွေမြို့နယ်၊ ဘောဒူဖ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ ပြီး ဦးကိုကိုအောင် ဦးစီးအဖွဲ့နှင့် နတလဒုဦးစီး ဦးအောင်ဝင်းနိုင် ဦးစီးအဖွဲ့သည် ဘောဒူဖ ဒုက္ခသည်စခန်းရှိ ကုမ္ပဏီများမှ ဆောက်လုပ်ထားရှိသော အဆောက်အအုံများကို စစ်ဆေးနေစဉ် ဘင်္ဂါလီဒုက္ခသည် ၇၀ ဦးခန့်မှ ခဲများဖြင့် ပစ်ပေါက်သဖြင့် မြို့နယ်စာရင်း စစ်ရုံးမှရုံးအကူ ခိုင်မင်းထွန်း (၂၀) နှစ်၏ နှာခေါင်းတွင် ပေါက်ပြဲဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)၊ နတလဒုဦးစီးမှူး ဦးကျော်ဟိန်း (၂၅)နှစ်တွင် ယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက် အသီးသီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အဖွဲ့ စီးလာသည့် ဟွန်ဒါ ၁ခ/၅၈၉၇ ၏ ရှေ့လေကာမှန် ခဲမှန်၍ အက်သွားခဲ့ရကာ လုံခြုံရေး တပ်ဖွဲ့မှ ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး စစ်ဆေးရေး လုပ်ငန်းလည်း ပျက်ပြားခဲ့ရကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ(ပ)၁၆၅။ ၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂။ ၁၁၄ အမှုဖွင့်ထားပြီး တရားခံများအား ရှာဖွေလျက်ရှိကြောင်းနှင့် ဖမ်းဆီးထားသူ မရှိသေးကြောင်းလည်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ''ကျွန်တော်တို့ စခန်းမှာ အမှုဖွင့် ထားတာလောက်ပဲ ရှိတယ်။ ဖမ်းထားတာ မရှိသေးပါဘူး'' ဟု အမည်မဖော်လိုသူ ရဲဝန်ထမ်း တစ်ဦးက ဇူလိုင် ၂၄ ရက်က ဖြေကြားခဲ့သည်။

ဘင်္ဂါလီများသည် အစိုးရအဖွဲ့မှ စစ်ဆေးခြင်း အမျိုးမျိုးကို ပျက်ပြားအောင် လုပ်ဆောင်နေသည်မှာ ယခုတစ်ကြိမ်နှင့် ဆိုလျှင် ဒုတိယအကြိမ် ဖြစ်ကြောင်းနှင့် ဆွဲ၊ တင် စစ် လူဦးရေစာရင်း ကောက်ခံရာတွင်လည်း လူအုပ်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment