Thursday, July 25, 2013

အမြဲပြုံးနေတတ်တဲ့ ယာဉ်ထိန်းတပ်ကြပ်ကြီးတစ်ဦးရဲ့ တာဝန်ထမ်းဆောင်နေတဲ့ မြင်ကွင်း မန္တလေး-ဇူလိုင်-၂၇


ပြုံးရွှင်တဲ့ မျက်နှာအမူအယာနဲ့ တာဝန်ထမ်းဆောင်တတ်တဲ့ တပ်ကြပ်ကြီးတစ်ဦးက လမ်းဖြစ်ကူးနေတဲ့ အမယ်အိုကို ကူညီပေးနေတဲ့ မြင်ကွင်းကို ဒီနေ့နံနက်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အမယ်အိုလမ်းဖြတ်ကူးစဉ် ကူညီနေသူကတော့ တပ်ကြပ်ကြီးသန့်ဇော်မင်းဖြစ်ပြီး တာဝန်ထမ်းဆောင်နေချိန်မှာလည်း အမြဲတမ်း ပြုံးရွှင်နေတဲ့ မျက်နှာအမူအယာကြောင့် ထင်ရှားသူဖြစ်ပါတယ်။

အသက်(၃၈)နှစ် အရွယ် တပ်ကြပ်ကြီးသန့်ဇော်မင်းဟာ မန္တလေးမြို့မှာ တာဝန်ကျတာ သုံးလ၀န်းကျင်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

မန္တလေးအခြေစိုက် မြနန္ဒါဂျာနယ် သတင်းအယ်ဒီတာ မသင်းသင်းသော်က “သူ့ကို လူပုဂ္ဂိုလ်တစ်ဦးတည်း အင်တာဗျူး လုပ်ဖို့ တာဝန်ရှိသူအကြီးအကဲ ဆီမှာ ခွင့်တောင်းထားပါတယ်။ တာဝန်ရှိသူတွေက ခွင့်ပြုရင် နောက်တစ်ပါတ် ဂျာနယ်မှာ ဖော်ပြနိုင်မှာပါ။ ကျွန်မနဲ့ စကားပြောနေတော့ကို သူ့မျက်နှာက ပြုံးနေပါတယ်။ သူ့အကြောင်းကို စုံစမ်းကြည့်တော့လည်း လက်ပြရင်း အမြဲပြုံးနေတဲ့သူလိုပ နာမည်ပေးထားတယ်လို့လည်း သိရတယ်”လို့ ပြောပါတယ်။

Ref>>>> မန္တလေးခေတ်

No comments:

Post a Comment