Thursday, July 25, 2013

ပြည်တော်ပြန်လိုသည့် မလေးရှိ တရားမဝင် မြန်မာတို့အား ဒဏ်ကြေးငါးဆကျော် တိုးမြှင့်ကောက်ခံ

မလေးရှားတွင် တရားမဝင် နေထိုင်နေသည့် မြန်မာများ ယခင် ဒဏ်ကြေးထက် ငါးဆကျော်တိုးပေးနိုင်မှ ပြန်လာ၍ ရတော့ မည့်စနစ်ကို မလေးလူဝင် မှုကြီးကြပ် ရေးဌာနက ရုတ်တရက်ပြောင်း လဲလိုက်သည်။

မိမိနိုင်ငံသို့ ပြန်လိုသော မြန်မာများအနေဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသို့သွားကာ တိုကင် ယူ၍ Special Pass ကို လျှောက်ထားခဲ့ရပြီး ချိန်းဆို သောနေ့တွင် ဒဏ်ငွေရင်းဂစ် ၄ဝဝ (မြန်မာငွေ ၈ဝဝဝဝ ကျပ်) ခန့်ကို ပေးဆောင်ကာ လေယာဉ်လက်မှတ်ဝယ် ၍ ပြန်ကြရကြောင်း မလေး လဝကက ထိုဒဏ်ငွေကို ယခုရက်ပိုင်းတွင် ငါးဆကျော် တိုးမြှင့်လိုက်ခြင်းဖြစ် ကြောင်း မလေးရှားရောက် မြန်မာ အချို့က ပြောသည်။

မလေး လဝကသည် Special Pass ထုတ်ရန် ရက်ချိန်းမပေးတော့ ဘဲ နေ့ချင်းပြီးထုတ်တော့မည် ဖြစ် ကြောင်း၊ ၄င်း Pass ရလျှင် ၅ ရက် အတွင်းနိုင်ငံတွင်း မှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ၄င်းတို့က ပြောသည်။

ဒဏ်ငွေကိုပတ်စ်ပို့ရှိသူ ရင်းဂစ်၂၂ဝဝ၊ ပတ်စပို့ မရှိ သူများကို ရင်းဂစ် ၃ဝဝဝ သတ်မှတ်ကြောင်း ကြေညာ ထားသည်ဟု မလေး၏ထုတ်ပြန်မှုကို ကိုးကား၍ ၄င်းတို့ က ဆိုသည်။ပြီးခဲ့သည့် တနင်္လာနေ့ကစပြီး ဒဏ်ငွေ တိုးမြှင့်လိုက်ခြင်းကြောင့် ပြန်မည့်သူများ အခက်တွေ့ကာ အလွန် အခက်အခဲ ဖြစ်ကြရကြောင်း မလေးရှားရောက် မြန်မာများ အဖွဲ့ က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင် ငံဆိုင်ရာ မလေးရှားသံရုံးမှ ဒုတိယ အတွင်းဝန်အဆင့်ရှိ တာဝန်ရှိသူက ယခုကိစ္စသည် မလေးရှားနိုင်ငံ ၏ ပေါ်လစီသာဖြစ်၍ မိမိတို့နှင့် မသက် ဆိုင်ပါကြောင်း ပြောသည်။

ပြောင်းလဲလိုက်သည့် စနစ်အရ ယခင်က မြန်မာငွေ ကျပ် ၈ဝဝဝဝ ကျပ်နှင့် ညီမျှသည့် မလေး ရင်းဂစ် အ စား ယခုတွင် မြန်မာငွေကျပ် ၄၅ဝဝဝဝ ကျော်နှင့် ၆ဝဝဝဝဝ ကျော်နှင့် ညီမျှ သည့် မလေးရင်း ဂစ်ပေးမှ ပြန်လာကြရ တော့မည် ဖြစ်သည်။ ဆာလာယန်းတွင် မြန်မာများ အကြမ်းဖက်ခံရပြီးနောက် ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းမှစကာ မလေးမှ မြန်မာများ ပြန်လာလျက်ရှိ သည်။

မင်းသုအောင်

Credit To >Popular Myanmar News Journal < Thank
Re-post By ACM 24-7-2013

No comments:

Post a Comment