Thursday, July 25, 2013

စပိန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းဒေသမှာရှိတဲ့ ရှေးဟောင်း မြို့ နားမှာ ရထားတစီး တိမ်းမှောက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၇၇ ဦး သေဆုံး

စပိန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်းဒေသမှာရှိတဲ့ ရှေးဟောင်း မြို့ နားမှာ ရထားတစီး တိမ်းမှောက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၇၇ ဦး သေဆုံးပြီး ၁၃၁ ဦး ဒဏ်ရာ ရသွားပါတယ်။ ဥရောပနိုင်ငံများအတွင်းမှာ အဆိုးဝါးဆုံး ရထားမှောက်မှုလို့ ဆိုပါတယ်။ အဲဒီရှေးဟောင်းမြို့ မှာ ဘာသာရေးပွဲတော်တခု မကျင်းပမီ တရက်အလို တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး မတော်တဆမှု တခုသာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ယူဆနေပါတယ်။ ခရီးသည် ၂၄၇ ယောက်ပါဝင်တဲ့ ဒီရထားဟာ အရှိန်ပြင်းပြင်း ခုတ်မောင်းနေတုန်း ရထားလမ်းအကွေ့ မှာ မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ ဘာသာရေးပွဲအတွက် ပြင်ဆင်နေချိန်မှာ ဒီလို ရထားမှောက်ပြီး လူအများအပြား သေဆုံးသွားတဲ့အတွက် ဘာသာရေးပွဲတွေကို မလုပ်တော့ဘူးလို့  ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ၂၀၀၄ ခုနှစ်က စပိန်မြို့ တော် မက်ဒရစ်မှာ အကြမ်းဖက် သမားတွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရထားမှောက်ပြီး လူ ၁၉၁ ယောက် သေဆုံးခဲ့ဖူးပါတယ်။

No comments:

Post a Comment