Thursday, July 25, 2013

ဈေးချိုအနီး လိုင်စင်မဲ့ယာဉ် ဗုံးပေါက်ကွဲမှု ၂ နှစ်ကျော် အကြာတွင် အမိန့်ချမည် မန္တလေး၊ ဇူလိုင် ၂၃

မန္တလေးမြို့ ဈေးချိုအနီး ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက လိုင်စင်မဲ့ယာဉ် တစ်စီး ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့မှုတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆသူ များကို ၂ နှစ်ကျော် အကြာ ဇူလိုင်လ ၂၄ ရက်နေ့တွင် အမိန့်ချ မည်ဖြစ်ကြောင်း ယင်းပြစ်မှု ကျူးလွန်သူများဟု ယူဆရသူများနှင့် နီးစပ်သူ များထံမှ သိရှိရသည်။

“မနက်ဖြန် မန္တလေးမြို့ ချမ်းအေးသာစံ တရားရုံးမှာ အမိန့်ချပါမယ်” ဟု ပြစ်မှု ကျူးလွန်သူများဟု ယူဆရသူများနှင့် ဆွေမျိုး နီးစပ်တော်သူ တစ်ဦးက ဆိုသည်။

ဈေးချိုတော်အနီး လိုင်စင်မဲ့ယာဉ် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က စိုင်းမိုးဟိန်း (ဘ) ဦးအိုက်စိုင်း၊ စိုင်းလှအောင် (ဘ) ဦးကံစိန်၊ စိုင်းသိန်းနိုင် (ဘ) ဦးအိုက်ပေ၊ စိုင်းမျိုးခင် (ဘ) ဦးကိုကို၊ စိုင်းကျော်သန်း (ဘ) ဦးသိန်းမောင်တို့ ငါးဦးကို ပေါက်ကွဲမှု ပုဒ်မ ၃/၆- ၁၇ (၁) ပေါက်ကွဲမှု ပုဒ်မ-၆ တို့အရ ဖမ်းဆီး စစ်ဆေးပြီး မန္တလေးမြို့ အိုးဘို အကျဉ်း ထောင်တွင် ထိန်းသိမ်းထားကြောင်း ယင်းပြစ်မှု ကျူးလွန်သူ များဟု ယူဆရသူများနှင့် နီးစပ်သူများထံမှ သိရှိရသည်။

No comments:

Post a Comment