Thursday, July 25, 2013

"မုံရွာမြို့နယ် အမှတ်(၂)ရဲစခန်းအပိုင်နယ်မြေအတွင်း ဆိုင်ကယ်ပြုပြင်ရေး ဆိုင် ဖောက်ထွင်းမှု အား ဖောက်ထွင်းသူကို ဖမ်းမိသော်လည်း အမှုမှန်မပေါ် ပေါက်သေး"

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အမှတ်(၂)ရဲစခန်းအပိုင်နယ်မြေတစ်ခုဖြစ် သည့် သလ္လာမြို့သစ်ရပ်ကွက် ဗန္ဓုလလမ်း တွင် ဆိုင်ကယ်ပြုပြင်ရေးဆိုင် တစ်ဆိုင်အား ပြီးခဲ့သည့် 2013 ခုနှစ် မေလ(၁၈)ရက်နေ့ညပိုင်းတွင် ဖောက် ထွင်းခံခဲ့ရကြောင်းသိရပါသည်။
၎င်းဆိုင်ဖောက်ထွင်းခံရမှုအား ဆိုင်ရှင်မှ ဖောက်ထွင်းသူကို လက်ရဖမ်းဆီး ပြီး အမှတ်(၂)ရဲစခန်း မုံရွာသို့ ပို့ဆောင်ပေးခဲ့ပါသည်။ဖမ်းပို့ရာတွင် ဆိုင် ဖောက်ထွင်းခံရစဉ်က ဖောက်ထွင်းသူယူဆောင်သွားခဲ့သော သဲလွန်စ အဖြစ် ဆိုင်မှ လျှပ်စစ်မီးကွေး နှင့် လျှပ်စစ်မီးကြိုးတွေကိုပါ သက်ဆိုင်ရာ အမှတ်(၂)ရဲစခန်း မုံရွာသို့ အပ်နှံခဲ့ပြီးဖြစ်ကြောင်းလဲသိရပါတယ်။ ဆိုင်ဖောက် ထွင်းသူကို (23-5-2013)နေ့က မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဖောက်ထွင်းသူသည် မုံရွာမြို့နယ်အနီးကမှ ရွာတစ်ရွာက လူဖြစ်ပါတယ်။ ဖောက်ထွင်းသူရဲ့ ဇနီးသည်ဟာ မုံရွာမြို့ မန်းကျည်းပင်ဈေး မှာ ကုန်စိမ်းရောင်းသူတစ်ဦးလို့သိရပါတယ်။
အဆိုပါ အမှုကိုစစ်ဆေးခဲ့သူ ရဲအရာရှိမှာ ယခုအခါတွင် ရာထူးတိုးမြင့်ပြီး မုံရွာမြို့နယ် ထဲက စခန်းတစ်ခုကို ပြောင်းရွေ့ကာ တာဝန်ထမ်းဆောင်နေပြီ လို့ လဲသိရပါတယ်။
ဖောက်ထွင်းသွားစဉ်က ပါသွားခဲ့တဲ့ ပစ္စည်းတွေက (၃)ဘီးဆိုင်ကယ်မှာ တပ်ဆင်အသုံးပြုတဲ့ SHINE WAY 125 အင်ဂျင်တစ်လုံးနဲ့ ဆိုင်သုံးပစ္စည်း တွေဖြစ်တဲ့ ဂွတွေ ဂွင်းတွေ ပါသွားပါတယ်။
*မှတ်ချက်။ သလ္လာဝတီတိုင်းမ် မီဒီယာကြောင့် တာဝန်ထမ်းနေကြတဲ့ ရဲအရာ ရှိငယ်တွေရဲ့ ဘ၀ကို ထောက်ထားငဲ့ညှာသောအားဖြင့် အမည်နာမ တွေကို မဖော်ပြထားပေးခြင်းဖြစ်ကြောင်းသိစေအပ်ပါတယ်။ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါက အမည်နာမရာထူးနှင့်တစ်ကွဖော်ပြရ ပါလိမ့်မည်။

No comments:

Post a Comment