Tuesday, July 30, 2013

တရားမ၀င်အနှိပ်ခန်း ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇူလိုင် ၃၀

၂၈-၇-၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောင်ရပ်ကွက်၊ ချမ်းသာလမ်း၊ အမှတ်(၇)မြေညီထပ်ရှိ Bosition Beauty Saloon အလှပြင်ဆိုင်တွင် တရားမ၀င်အနှိပ်ခန်းဖွင့်လှစ်နေကြောင်းသတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ ဆိုင်မန်နေဂျာ ခိုင်မိုး(၂၈)နှစ်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့နေ အနှိပ်သမ မသဒ္ဒါချို(ခ)ကာရံ(၂၁)နှစ်ပါ ၁၀ ဦးအား အနှိပ်ခန်းပြုလုပ်ရာတွင်အသုံးပြုသောစာရွက်စာတမ်းများ၊ အသုံးအဆောင်ပစ်္စည်းများ၊ ငွေကျပ်(၄၀၀၀၀ိ/-)တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် စမ်းချောင်းမြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနမှ တရားလိုပြုလုပ်ကာ စမ်းချောင်းမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားလျက်ရှိကြောင်း သတင်းရရှိသည်။

Myawady News

No comments:

Post a Comment