Thursday, July 25, 2013

မန္တလေးမြို့ရှိ ရတနာပုံ ခေတ်နှောင်းပိုင်းလက်ရာ သီပေါမင်း၏ ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်လေ့လာ Eleven Created on Friday, 26 July 2013 01:50


ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်တော့မည့် ရွှေနန်းတော်ကျောင်းအား အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် ကြည့်ရှုနေစဉ်။

မန္တလေးမြို့ရှိ ရတနာပုံခေတ် နှောင်းပိုင်းလက်ရာ သီပေါမင်း၏ ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကျောင်းတော်အား မူလလက်ရာမပျက် ပြန်လည် ပြုပြင်ရန် အတွက် အမေရိကန်နိုင်ငံမှ Ambassadors Fund for the Cultural Preservation က ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ပြုပြင် ထိန်းသိမ်းမှုများကို နှစ်နှစ်ခန့် အချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်သည်။

''အမေရိကန်အစိုးရက ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ရွှေကျောင်းတော်ကြီး ရေရှည်တည်တံ့နိုင် စေဖို့အတွက် နည်းပညာ အကူအညီပေးပြီးတော့ ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်'' ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရွှေကျောင်းတော်ကြီးကို ပြန်လည်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံမှ နည်းပညာ အကူအညီများဖြင့် ရွှေကျောင်းတော်ကြီးမှ သစ်သားစ နမူနာများကို ယူဆောင်ကာ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါ ဓာတ်ခွဲစမ်းသပ်ရာတွင် သစ်သား၏ ကြာမြင့်သည့် သက်တမ်းနှင့် နောက်တွင်ရေရှည် တည်တံ့နိုင်သည့် သက်တမ်းကိုပါ ထည့်သွင်းလုပ်ဆောင် သွားမည်ဟုလည်း သိရပါသည်။

ရွှေကျောင်းတော်ကြီးအား ပြုပြင်ထိန်းသိမ်းရေး စီမံချက်တွင် အစားထိုး ပြုပြင်ထိန်းသိမ်းခြင်း၊ ကျန်ရှိနေသည့် မူလလက်ရာများ ရေရှည် တည်တံ့ နိုင်စေရေး၊ မူလလက်ရာ မကျန်ရှိသည့် အဆောက်အအုံ၏ လစ်လပ်နေရာများတွင် မူလလက်ရာအတိုင်း ဖြည့်စွက် ထိန်းသိမ်းရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ထိန်းသိမ်းမှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်။

General Knowledge

No comments:

Post a Comment