Thursday, July 25, 2013

ရက္ခိုင့်တပ်မတော် အထူးတိုက်ခိုက်ရီးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး စစ်ရုံးချုပ်၊ ဇူလိုင်လ ၂၅ ရက်


ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်၊ လေ့ကျင့်ရေးဌာနမ ကြီးမှူးဖွင့်လှစ်သော အထူးတိုက်ခိုက်ရီးသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဌာနချုပ် ယာယီအခြီစိုက်ရာမဟာမိတ် ကေအိုင်အိုနယ်မြီဟိ လှိုင်းစရာ စစ်သင်တန်းကျောင်း၊ “ရက္ခသေနာ” ခန်းမ၌ ဇူလိုင်လ(၂၄)ရက်နိတွင် ကျင်းပပြီးစီးခသ ည်။ အခမ်းအနားကို ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်၊ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ တာဝန်ဟိ ပုဂ္ဂိုလ်များ၊ စစ်ဦးစီးအဖွဲ့ဝင် အရာဟိကြီးများ၊ စစ်ကြောင်းမှူးများ၊ အရာဟိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ စစ်မယ် များ၊ အထူးဖိတ်ကြားထား သော ဧည့်သည်တော်များနှင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၂၀၀)ကျော်ခန့် တက်ရောက်ခသည်။ ထိုနောက် သက်ဆိုင်ရာ တာဝန်ဟိသူများမှ အသီးသီးစကားပြောကြားခကတ်ပြီး ထူးချွန်ဆုရဟိသူများ ကို ဆုများ အသီးသီးချီးမြှင့်ခကြောင်း သိဟိရသည်။

ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

No comments:

Post a Comment