Tuesday, July 30, 2013

တူမီးသေနတ်အား နေအိမ်ကြမ်းခင်းပေါ်ပစ်ချရာက ထိမှန်သေဆုံး နေပြည်တော်၊ ဇူလိုင် ၃၀

၂၈-၇-၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နယ်ခွဲ၊ မိုင်းဒင်းကျေးရွာအုပ်စု၊ လွှစင်ချောင်းတောတွင် လူတစ်ဦး တူမီးသေနတ် ထိမှန်သေဆုံးကြောင်းသတင်းအရ တကောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ မောင်ဝင်း(၄၀)နှစ်ဖြစ်ပြီး ၄င်းသည် ၂၇-၇-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် တူမီးသေနတ်ဖြင့်တောလိုက်သွားခဲ့ကြောင်း၊ ၁၇၀၀ အချိန်ခန့်တွင် ဂျီတစ်ကောင်ဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ ဇနီးဖြစ်သူမ၀င်းတင်မှာ နေအိမ်နှင့်ကိုက် ၁၀၀ ခန့်အကွာရှိ ချောင်းရိုးတွင် ရေခပ်နေစဉ် နေအိမ်တဲအတွင်းမှတူမီးသေနတ်သံကြားရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ မောင်ဝင်း၏ ၀ဲနံဘေးတွင် တူမီးသေနတ်ထိမှန်ဒဏ်ရာဖြင့် တဲအပြင်၌လဲကျနေသည်ကိုတွေ့ရှိရကြောင်း၊ ဇနီးဖြစ်သူက မေးမြန်းခဲ့စဉ်မောင်ဝင်းမှ သေနတ်ကျည်ထွက်ပြီးဒဏ်ရာရရှိကြောင်းနှင့် ဆေးကုသပေးရန် ပြောဆိုခဲ့ သဖြင့် မောင်ဝင်း၏မိခင်နှင့်ပထွေးဖြစ်သူတို့အား ရင်ခွင်ရွာသို့ သွားရောက်ခေါ်ဆောင်ပြီးပြန်လာစဉ် သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ၂၉-၇-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် အလောင်းအား တကောင်းဆေးရုံသို့ ပို့အပ်ခဲ့ပြီး တူမီးသေနတ်မှကျည်ထွက်ရသည့်အကြောင်းရင်းအားစိစစ်ခဲ့ရာ သေဆုံးသူသည် တောလိုက် ပြန်လာပြီး နေအိမ်တဲအတွင်းရောက်ရှိစဉ် ယမ်းထည့်ထားသည့်တူမီးသေနတ်အား နေအိမ်တဲကြမ်းခင်း ပေါ်သို့ပစ်ချစဉ် ကျည်ထွက်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် တကောင်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇/၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Myawady News

No comments:

Post a Comment