Thursday, July 25, 2013

တရားပွဲ ဗုံးပေါက်ကွဲမှု လုံခြုံရေးကင်မရာမှ မသင်္ကာဖွယ် နှစ်ဦး တွေ့ရှိစစ်ဆေးနေ ခွန်စိုင်းအောင်

မန္တလေး ၊ ဇူလိုင် - ၂၃ ။ ။ဆရာတော် ဦးဝီရသူ၏ တရားပွဲကျင်းပနေ စဉ် ဗုံးပေါက်ကွဲမှုတရားခံများဟု ယူဆရသူနှစ်ဦးအား အနီးရှိ လုံ ခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိ စစ်ဆေးနေကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရ သည်။

ဖြစ်စဉ်ဖြစ်ပွားသွားသော နေရာအနီးရှိ ဆိုင်တစ်ဆိုင်တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာမှတ်တမ်းအား ရယူပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသော အ မှုစစ်အဖွဲ့မှ စိစစ်ဆောင်ရွက်ရာ တွင် မသင်္ကာဖြစ်ဖွယ်ရာလူများ ကိုတွေ့ရှိရသောကြောင့် ဓာတ်ပုံ မှတ်တမ်းထုတ်ယူကာ မှတ်တမ်း ပါ မသင်္ကာဖြစ်ဖွယ်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဇူလိုင်၂၂ ရက် မွန်းလွဲ ၃နာရီမိနစ်၂ဝတွင် လုံခြုံရေးကင်မရာ မှတ်တမ်းအ ရ အခင်းဖြစ်ရာ နေရာဝန်းကျင် တွင်မသင်္ကာ သံသယဖြစ်ဖွယ်ရာတွေ့ ရှိရသော လူနှစ်ဦးကို အမှုစစ်အ ဖွဲ့က စစ်ဆေးနေခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲမှူးစိုးငြိမ်း(ဦးစီး)က ပြောသည်။

''မသင်္ကာဖြစ်ဖွယ်အဆင့် ပဲ ရှိသေးတာဆိုတော့ သူတို့ရဲ့နေ ရပ်လိပ်စာနဲ့ နာမည်တွေကိုတော့ ပြောလို့မဖြစ်သေးပါဘူး။ လုံခြုံ ရေးကင်မရာမှာ မသင်္ကာဖွယ်ရာ တွေ့ရှိလို့သာ စစ်ဆေးနေတာဖြစ် ပါတယ်''ဟု ၎င်းကပြောသည်။

ဇူလိုင်၂၁ရက် ညပိုင်းတွင် မန္တလေး မဟာအောင်မြေမြို့နယ် ၃၆လမ်း*၈၄လမ်းနှင့် ၈၅လမ်း အကြားတွင် 'ဆွေမျိုးဆိုတာ များ လေ ကောင်းလေ' တရားအား ဆရာတော်ဦးဝီရသူ ဟောကြား နေစဉ် ည ၉နာရီခန့်က တရား ဟော မဏ္ဍပ်နောက်ကျောမှ ဗုံး ပေါက်ကွဲမှုကြောင့် အနီးရှိအေး မေတ္တာဆေးခန်းရှေ့ လမ်းဘေး တွင်ရပ်နားထား သည့် ဒေါက်တာ တင်မြင့်ပိုင် ရက/၃၀၂ဝတိုယိုတာ ကိုရိုလာယာဉ် မှာ နောက်ဘီးနှစ် ဘီးနှင့် ရှေ့ယာဘက်ဘီးတို့ပေါက် ခဲ့ပြီး ကိုရင်တစ်ပါးနှင့် တရားနာ ပရိသတ် ဒေါ်ခင်အေးတို့အပါအ ဝင် စုစုပေါင်းငါးဦးဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ရာ ဒေါ်ခင်အေး သည် မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရကြောင်း သိရသည်။

မန္တလေးဆေးရုံကြီး ဆရာ ဝန်များ၏ ဓာတ်မှန်မှတ်တမ်းများ အရ လူနာ၏ပေါင်တွင် သံစဟု ယူဆရသော အစတစ်ခုတွေ့ရှိရ သဖြင့် ဇူလိုင်၂၃ရက်တွင်ခွဲစိတ် မှု ပြုလုပ်ထားသည်ဟုဆိုသည်။
မန္တလေးမြို့တွင် နောင် ကျင်းပမည့် ဆရာတော်ကြီးများ ၏ တရားပွဲများတွင်လည်း ပွဲစီစဉ် သူများအား လုံခြုံရေးနှင့်ပတ် သက်၍ ပိုမိုအလေးထားဆောင် ရွက်ကြရန် ညွှန်ကြားသွားမည် ဖြစ်ရာ တရားပွဲများလုံခြုံရေးအ တွက် ရဲတပ်ဖွဲ့ဝင်များအင်အား ကိုလည်း ပိုမိုဖြည့်တင်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment