Tuesday, July 30, 2013

သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယက ရာထူးလွှဲယူသည့် အထိမ်းအမှတ် လွှတ်တော်တွင် ရုပ်ရှင်ပြမည် ရန်ကုန်၊ ဇူလိုင် ၃၀

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အခမ်းအနားဖြင့် လွှဲယူ မည်ဖြစ်ပြီး ရာထူးလွှဲယူသည့် အထိမ်းအမှတ် လွှတ်တော်တွင် ရုပ်ရှင်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။

လွှတ်တော် နာယက ရာထူး လွှဲယူသည့်အခမ်းအနားကို ဇူလိုင် ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အထိမ်းအမှတ်အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်ကြောင်း၊ ယင်းနောက် သဘင်ဆောင်တွင် မြန်မာရုပ်ရှင်ဇတ်ကား ပြသ မည်ဖြစ်ကြောင်း သိရှိရသည်။

"ပြမယ့် ဇတ်ကားက ကြယ်စင်မော်ကွန်းဆိုလား ဘာလား ဖိတ်စာထဲမှာ ရေးထားတယ်။ ကျနော်တော့ သွားမကြည့်တော့ပါဘူး"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

No comments:

Post a Comment