Thursday, July 25, 2013

AMG အထည်ချုပ်စက်ရုံမှ တရားမ၀င်အကောက်ခွန်မဲ့ တင်သွင်းသည့် C.M.P အထည်ချုပ်စက်ရုံသုံး ကုန်ပစ္စည်းများ ဖမ်းမိ ၂၆.၇.၂၀၁၃၊သောကြာနေ့

AMG Factory Limited Co,Ltd အထည်ချုပ်စက်ရုံမှ တရားမ၀င် အကောက်ခွန်မဲ့ တင်သွင်းလာသည့် C.M.P အထည်ချုပ် စက်ရုံသုံး ကုန်ပစ္စည်းများအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

AMG Factory Limited Co,Ltd အထည်ချုပ်စက်ရုံအား ယခုနှစ်နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တရားဝင် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း စက်မှုဇုန်တွင် တည်ရှိကြောင်း သိရသည်။
အကောက်ခွန် ဦးစီးဌာန အနေဖြင့် ကုန်စည်စီးဆင်းမှုများ ချောမွေ့စေရေးအတွက် ပြည်ပမှ တင်သွင်းလာသည့် ကုန်စည်များကို ကြပ်မတ်စစ်ဆေးရန် အဆင့်ခွဲခြားထားပြီး အနီရောင်အဆင့် သတ်မှတ်မှသာ ဖွင့်ဖောက် စစ်ဆေးခြင်းဖြစ်ပြီး AMG Factory Limited Co,Ltd မှ တင်သွင်းလာသည့် ကုန်များအား အစိမ်းရောင်အဆင့် သတ်မှတ်ကာ X-Rays စက်ဖြင့် ဖြတ်သန်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

AMG Factory Limited Co ,Ltd တင်သွင်းလာသည့် Fabric & Accessories (14) Items ကို X-Rays စက်ဖြင့် စစ်ဆေးရာမှ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြထားခြင်း မရှိသည့် C.M.P အထည်ချုပ် စက်ရုံသုံး ကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုး ကျပ် ၃၅ သိန်းခန့်) အား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လက်ရှိကာလတွင် အကောက်ခွန် ဥပဒေအရ အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ဈေးကွက်သို့ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ စသည့် အထည်ချုပ်လုပ်ငန်းများ ၀င်ရောက်မှု ရှိနေကြောင်း သိရသည်။

Eleven

No comments:

Post a Comment