Monday, July 1, 2013

တရားမဝင်သစ်များဖမ်းဆီးရမိ.. (1.7.2013, Monday)

ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ဗန်းမော်ခရိုင်သစ်တောဦးစီးဌာနမ
ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီက
နန့်ဖားအင်းအတွင်းတရားမဝင်သစ်များတင်ဆောင်လာသော စက်လှေ
ရောက်ရှိနေကြောင်း သတင်းအရသွားရောက်ဖမ်းဆီးခဲ့ရာ တာပိန်ချောင်းမှ
နန့်ဖားအင်းသို့ ဗန်းမော်မြို့နယ်၊ ပါပေါင်းကျေးရွာနေ ဖိုးဇော်(ခ) ဇော်မင်း
(၄၂)နှစ်မောင်းနှင်သော စက်လှေနှင့် ဗန်းမော်မြို့နယ်၊ စဥ့်အင်ကျေးရွာနေ
သန်းနိုင်မိုး(၂၂)နှစ်ပါ(၃)ဦးတို့ မောင်းနှင်လာသော စက်လှေများကို
တွေ့ရှိရပြီး လှေများပေါ်တွင် တရားမဝင်ကျွန်းသစ်ခွဲသားများဖမ်းဆီးရမိခဲ့ပြီး
ဆက်လက်ရှာဖွေခဲ့ရာ ဖမ်းဆီးရမိသော စက်လှေ(၂)စင်းအနီးရှိ ပိုင်ရှင်မဲ့
အခြားစက်လှေ(၄)စင်းပေါ်တွင်လည်း တရားမဝင်သစ်များနှင့် နန့်ဖားအင်း
အတွင်းသို့ ပစ်ချထားသော သစ်များကို ပိုင်ရှင်မဲ့ထပ်မံသိမ်းဆည်းရမိခဲ့
ခြင်းကြောင့် တရားမဝင်သစ်များ သယ်ဆောင်သူဖိုးဇော်(ခ)ဇော်မင်းပ
၎)ဦးတို့ကို ဗန်းမော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျှက
ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment