ရန်ကုန်မြို့ ကန်တော်ကြီး
ဥယျာဉ် ထဲမှာရှိတဲ့ နှင်းကမ္ဘာ ဥယျာဉ်ကို ပိတ်သိမ်း လိုက်ပြီ ဖြစ်တယ်လို့
နှင်းကမ္ဘာဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်
အရ သိရပါတယ်။
အဆိုပါ နှင်းကမ္ဘာဥယျာဉ်ကို ဇွန်လ ၃၀ ရက်နေ့က ပိတ်သိမ်း လိုက်တာ ဖြစ်တယ်လို့
သိရပါတယ်။ နှင်းကမ္ဘာ ဥယျာဉ် ပိတ်သိမ်း တော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံး
နှုတ်ဆက်ပွဲ အနေနဲ့ ဇွန်လ ၁၇ ရက်မှ ၃၀ ရက်နေ့ အထိ ၀င်ကြေးများကို
ကလေး ၅၀၀ ၊ လူကြီး ၁၀၀၀ ၊ နိုင်ငံခြားသား များအတွက် အမေရိကန် ဒေါ်လာ ၅
ဒေါ်လာနဲ့ အထူးဈေးနှုန်းများ အဖြစ် လျှော့ချပေး ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူများကိုလည်း အခမဲ့ ၀င်ခွင့်ပြု ခဲ့တယ်လို့
သိရပါတယ်။ ယခုပိတ်သိမ်း လိုက်တဲ့ နှင်းကမ္ဘာဥယျာဉ်ကို စတင် ဖွင့်လှစ်ချိန်က
ရေခဲကမ္ဘာ အနေနဲ့ ဖွင့်လှစ်ခဲ့ပြီး အဆင့်မြှင့်တင်ရာ မှာတော့ နှင်းကမ္ဘာအဖြစ်
ပြုပြင် ပြောင်းလဲ ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံး နှုတ်ဆက်ပွဲ
ဖြစ်တာကြောင့် နောက်ဆုံးနေ့ ဖြစ်တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ လာရောက် လည်ပတ်သူ
လေးထောင် ကျော်ခန့် မနည်း ရှိတယ်လို့ သိရပါတယ်။ နှင်းကမ္ဘာ ဥယျာဉ်ကို
ဖွင့်လှစ်ခဲ့ချိန်ဟာ တစ်နှစ် ၆ လရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
Ref : MRTV 4
No comments:
Post a Comment