Monday, July 15, 2013

တရားမဝင် လိုင်စင်မဲ့ ကားများ ဖမ်းဆီးရမိ ပြင်ဦးလွင် ဇူလိုင် ၁၄


မန္တလေးတိုင်း ဒေသကြီး မန္တလေး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မောင်တင်နှင့် အဖွဲ့၊ ပြင်ဦးလွင် ရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးသန့်နှင့် သက်သေ အဖွဲ့များသည်

သတင်းအရ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၂) ပုညလမ်း အိမ်အမှတ်(၁၆)နေ စိုင်းဝဏ္ဏ(ခ) ဝဏ္ဏ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ၇ခ/----- နံပါတ်တပ် Pajero အမျိုးအစား အပြာစပ်ကြား၊ အပြာပတ် လိုင်စင်မဲ့ကားတစ်စီး၊ ၅ဃ/------ နံပါတ်တပ် Odyssey အဖြူရောင် လိုင်စင်မဲ့ ကားတစ်စီး၊ ၆ဂ/------ နံပါတ်တပ် Voxy အမျိုးအစား အဖြူရောင် လိုင်စင်မဲ့ကား တစ်စီး စုစုပေါင်း သုံးစီးကို ရှာဖွေ တွေ့ရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းဝဏ္ဏ (ခ) ဝဏ္ဏ ၃၇ နှစ်အား ပြင်ဦးလွင် ရဲစခန်းမှ (ပ)၂ဝ၃/၂ဝ၁၃၊ ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ(၈) အရ ပြင်ဦးလွင် မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment