Wednesday, July 3, 2013

iPhone ဟန်းဆက်ကိုသတိထားဖွယ်


iPhone ဟန်းဆက်နှင့် မတည့်သောကြောင့် မျက်နှာနှင့် လည်ပင်း၌ အလွန် အ မင်းနာ ကျင်သော အနီကွက်ကြီး များ ဖြစ်ပေါ်

ဗြိတိန်နိုင်ငံ၊ လီဗာပူးမြို့မှ ဂျင်နီတေလာ (၃၀ နှစ်) သည် သူကိုင်သည့် iPhone ဟန်းဆက်နှင့် မတည့်သောကြောင့် မျက်နှာနှင့်
လည်ပင်း၌ အလွန် အမင်းနာကျင်သော အနီကွက်များ ကြောက်ခမန်းလိလိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သူ၏ iPhone4 ၄ တွင် ပါဝင်သော ဆီလီကွန် အပျော့စားတစ်မျိုးက ဓာတ်မတည့်မှုကို ဖြစ်ပေါ်စေပြီး သူ၏ မျက်နှာတစ်ခုလုံး
ရောင်ကိုင်းလာခဲ့ခြင်း ဖြစ်သည်။သူ၏ မျက်နှာနှင့်လည်ပင်တွင်ဖုန်းနှင့် ထိတွေ့ရာနေရာတိုင်း၌ဖုန်းပုံသဏ္ဌာန်tနီကွက်ကြီးများ
ဖြစ် ပေါ်နေသည်။ သူသည် ယင်းကဲ့သို့ ဖြစ်ပွားခါစက အင်တီဟစ် စ တာ မင်း ဆေ များကို သောက်သုံးခဲ့သေးသော် လည်း
နောက်တစ်နေ့မနက်၌ ပိုမိုဆိုးရွားလာပြီး မျက်လုံးများဖွင့်မရ၊ အစာမျို၍မရဖြစ်အောင် ဆိုးရွားခဲ့သည်။

ယင်းကြောင့် ဆေးရုံသို့ သွားရောက်ပြသခဲ့ပြီး စစ်ဆေးခဲ့ရာ၌ သူ့တွင် အရေပြားဓာတ်မတည့်မှု ရောဂါ ၁၃ မျိုးရှိကြောင်း သိရသည်။
သူနှင့် ဓာတ်မတည့်သည့်ပစ္စည်းများ၌ ဂျင်းဝတ်စုံ၊ ငွေဒင်္ဂါးပြားနှင့် တံခါးလက် ကိုင်တို့လည်းပါဝင်သည်။ iPhone4 သည် Appleမှ
ထုတ်သော ဖုန်းအသစ်ဖြစ်ပြီး ယင်း၌ ဆီလီကွန်အမျိုးအစားသစ် တစ်မျိုးကို ထည့်သွင်းထားသည်။

No comments:

Post a Comment